မိန်းမတွေက ယောကျာ်း ယူတာပဲဖြစ်ဖြစ်၊ ယောကျာ်းယူတာပဲ ဖြစ်ဖြစ် တစ်ေယောက်သော လူမျိုးအနွယ်ဟာ လူသားတိုင်း တာဝန် ထမ်းဆောင်သင့်တဲ့ အလုပ်တစ်ခုကို တရားဝင် လုပ်ဆောင်လိုက်ပြီဆိုရင် ဒုတိယ မိသားစု ရလာပါတော့တယ်။ ဒီတစ်ပါတ်မှာ Lady First ဆိုတဲ့ စကားကို ရှေ့ တန်းတင်ပြီး အမျိုးသမီးများအတွက် ယောက္ခထီး၊ ယောက္ခမတွေရဲ့ အကြင်နာ မေတ္တာကို ဘယ်လို သိမ်းပိုက်ရယူမလဲဆိုတာ ရှာဖွေ လေ့လာမိသလောက် တင်ပြထားပါတယ်။
ယောက္ခမ၊ ယောက္ခထီးတွေ ဆိုတာ ဘာသားနဲ့  ထုတားတာမို့ လို့ လဲနော်။ သူတို့ ဆီက အကြင်နာ မေတ္တာကို ဘယ်လို တောင်းရမလဲ ဆိုတာ သိဖို့ ပဲ လိုပါတယ်။
ရိုသေပါ။
လူကြီး မိဘဆိုတာ အစကတည်းက ရိုသေမှု ပေးပြီး ဆက်ဆံသင့်ပါတယ်။ အထူးသဖြင့် ကိုယ့်ချစ်ခင်ပွန်းရဲ့ မိဘတွေကိုလည်း အရိုအသေ ပေးပြီး ဆက်ဆံတာ လျှော်ကန် သင့်မြတ် ပြီး ကောင်းမွန်တဲ့ အပြုအမူလို့  မထင်ဘူးလား။ ကိုယ်က လူကြီးကို လူကြီးလို ဆက်ဆံရင် သူတို့ ကလည်း ကိုယ့်ကို အမှတ်ပေးပြီး အချစ် တိုးလာလိမ့်မယ်။
ချီးကျူးပေးပါ။
လောကမှာ ဘယ်သူမှ အချီးအကျူး မခံချင်တဲ့သူရယ်လို့  မရှိဘူး။ အမြှောက် မကြိုက်တဲ့ သူရယ်လို့ လည်း မရှိပါဘူး။ သူတို့  ကရော ဘာမို့ လို့ လဲ။ ချွင်းချက်ထဲမှာ ပါနေလို့ လား။ မပါပါဘူး။ ဒါကြောင့် သူတို့ ကို ချီးကျူးစကား ဆိုပေးပါ။ ဥပမာ- အမေတို့  ရဲ့ အိမ်လေးက ချစ်စရာလေးနော်။ နေချင်စရာလေး။ အေးချမ်း သာယာလိုက်တာ။ အမေ ဟင်းချက်တာ အရမ်းကောင်းတာပဲ။ ဘယ်လို ချက်တာလဲဟင်? အဖေက အရမ်းနုတာပဲနော်။ အရွယ်နဲ့ တောင် မလိုက်ဘူး။ အခုထိ သန်သန်မာမာ သွားနိုင်လာနိုင် တုံးပဲနော်။ မျက်စိကလည်း အရမ်းကောင်းတာပဲ။ အမေ့သား ကျွန်မ ယောကျာ်းဟာလည်း ပြောမဲ့သာ ပြောတာ အရမ်း တော် တာ၊ ကောင်းတာ၊ သမီးက်ုလည်း အရမ်း ကြင်နာတာ တခြားယောကျာ်းတွေနဲ့  ယှဉ် ရင် ဆီနဲ့ ရေလိုပဲ စသဖြင့် ချီးကျူးပေး မယ် ဆိုရင် သူတို့ ရဲ့ ရွှေဘ၀င် အစဉ်ငြိမ့်စေသလို နှလုံး ပီတိ ဂွမ်းဆီထိသလို ကြည်နူးမိမှာ သေချာပါတယ်။ သူတို့ ကောင်း ကြောင်းကိုပြောရင် သူတို့ ကလည်း ကိုယ့်ကို ပြန်လည်ပြီး ကောင်းမွန်သော တုံ့ ပြန်မှုနဲ့  တုံ့ ပြန်လာပါလိမ့် မယ်။ သူတို့ ကို အထင်ကြီး လေးစားကြောင်း ပြောပေးပါ။ သူတို့ ကလည်း ကိုယ့်ကို သမီး အရင်းသဖွယ် ချစ်မြတ်နိုးလာပါလိမ့်မယ်။ သတိထား ရမဲ့ အချက်တစ်ခုကတော့ ကိုယ်ပြော တဲ့ ချီးကျူးစကားဟာ တကယ် စစ်မှန်ရပါမယ်။ လုပ်ကြံ ဖန်တီးတဲ့ စကား မဖြစ်စေရပါ ဘူး။ နှုတ်က ထွက်လာတာ မဟုတ်ပဲ တကယ့် ရင်ထဲက လာတာ ဖြစ်ရပါမယ်။
ဟင်းချက်ပြီး ပို့ ပေးပါ။
ဒီအချက်ဟာ ဘယ်လောက် ထိရောက်စေလဲဆိုတာ ကိုယ်တွေ့  ပြုလုပ်ဖူးတဲ့ ချွေးမတွေ သိပါလိမ့်မယ်။ ဟင်းမချက်တတ်ရင် တောင်မှ ကိုယ်ချက်တတ်တဲ့ ဘဲဥကြော်ပဲ ဖြစ်ဖြစ် ပို့ ပေးမယ်ဆိုရင် သူတို့ စိတ်ထဲမှာ အော် သူဟာ ငါတို့ ကို တကယ့် သမီး အရင်းလေးလို သဘောထားတာပဲ။ ငါတို့ ကို မိဘရင်းတွေလို ဆက်ဆံတာပဲ ဆိုပြီး ကိုယ့်အပေါ် အမြင် စောင်းနေရင်တောင်မှ အမြင်မှန်တွေ ရလာပါလိမ့်မယ်။ နေ့ စဉ် မတတ်နိုင်ရင်တောင်မှ တစ်ပါတ် တစ်ခါလောက် ဒါမှမဟုတ် တလ တစ်ခါလောက် တော့ ကိုယ်တိုင် ချက်ပြုတ်ပြီး ပို့ ပေးသင့်ပါတယ်။ ပို့ ရင်လည်း သူတို့ ကြိုက်တတ်တဲ့ ဟင်းလျာလေးတွေ ပို့ ပေးတာ ပိုထိ ရောက်ပါတယ်။ လူကြီးတွေ ဘာကြိုက်သလဲ ဆိုတာရယ်နဲ့  သူတို့  ကျန်းမာရေးနဲ့  ကိုက် ညီမယ့် ဟင်းတွေ ချက်ပြီး ပို့ ပေးပါ။ လက်ဖြန့် တောင်းစရာတောင် မလိုပါဘူး။ သူတို့  စိတ် ထဲမှာ ကိုယ်ဟာ နေရာ တစ်နေရာ ရလာပါလိမ့်မယ်။ သူတို့ သားကို လည်း မိန်းမရ ကံကောင်းတယ်ဆိုပြီးလို့  ဂုဏ်ယူနေလိမ့်မယ်။
အကြိုက်လိုက်ပေး
သူတို့ ဘာကြိုက်တယ်။ ဘာလုပ်တတ်တယ်။ ဘာကို စိတ်ဝင်စားတယ်ဆိုတာ စုံစမ်းထား သင့်ပါတယ်။ ကိုယ်က ဘာသာရေးနဲ့  ၀ါးတရိုက်စာမက အလှမ်း ဝေးနေရင်တောင် ယောက္ခမကြီးက တရားစာပေတွေ ဖတ်တာ ၀ါသနာပါတယ်ဆိုရင် ဘာသာရေး စာပေတွေ ၀ယ်ပေးလိုက်သလို ၀င်ပြီး ကိုယ်ပါ သိသလောက် ဆွေးနွေးတာက ယောက္ခမနဲ့  ပိုပြီး နီးစပ်မှု ရှိစေပါတယ်။ ဘာသာရေးအကြောင်း မသိရင်လည်း အမေရယ် သမီးကို သင်ပြ ပေးပါ။ သွန်သင်ပေးပါ။ လမ်းညွှန်ပေးပါ ဆိုပြီး ပြောလိုက်ပါ။ အချိုကြိုက်ရင် အချိုကျွေး အဲဒါ လူချစ်ဆေး ဆိုတာ ဟိုးဘိုးဘေးတွေ လက်ဆင့် ကမ်းခဲ့တဲ့ နည်းလမ်း ဖြစ်ပါတယ်။ နေရာ တကျ အသုံးချတတ်ဖို့ ပဲ လိုပါတယ်။
ပြသနာ ဖြေရှင်းနည်း
“သားကြီး နင့် မိန်းမ ဒီလို အင်္ကျီဝတ်တာ ငါ မကြိုက်ဘူး။ နင့်မိန်းမ ငါ့ကို ဒီလို ပြောတာ ငါ မကြိုက်ဘူး။” စတဲ့ စကားမျိုးကို ကိုယ့်ရှေ့ မှာ ကိုယ့်ယောကျာ်းကို ပေါ်တင် အတင်းတုပ် တယ်ဆိုရင် ဒီလို အပြုံးလေးနဲ့  ပြောလိုက်ပါ။ “အမေရယ် သမီး ဒီလို ၀တ်တာ ဒီလို ပြော လိုက်တာတွေဟာ အမေ့အတွက် စိတ်အနှောင့်အယှက် ဖြစ်စေတယ် ဆိုတာ သမီး မသိလို့ ပါ။ သမီး ဒီလို ပြောလိုက်တာ ရိုင်းသွားရင် သမီး တောင်းပန်ပါတယ်။ နောက်တစ်ခါ သမီး ကို တိုက်ရိုက် ပြောဆို ဆုံးမနိုင်ပါတယ်။ ”ဒါပေမဲ့ အတတ်နိုင်ဆုံးတော့ ကိုယ်ပြောတဲ့ စကား ကို အပြုံး မိတ်ကပ်နဲ့  ရောပြီး ပြောရပါမယ်။ နောက်ပြီး ကိုယ်ပြောတဲ့ လေသံဟာ အတတ် နိုင်ဆုံး မမာမပျော့ အနေတော် ပုံမှန် ဖြစ်နေရပါမယ်။
သူ့ စည်း ကိုယ့်စည်းနေပါ
ကိုယ့်ယောကျာ်းနဲ့  သူ့ ရဲ့ မိဘတွေ ပတ်သက်ပြီး ဆက်ဆံတဲ့ အနေအထားက ကိုယ့်ကို တစ်မျိုးတစ်ဖုံ စိတ်ဒုက္ခ ပေးနေသလို ဖြစ်နေရင် သူ့ ကို သွားပြီး အပြစ်မတင်ပါနဲ့ ။ နင့်မိဘ က ဘာဖြစ်တယ်၊ ညာဖြစ်တယ် မကောင်းဘူး ဆိုပြီး သွားမပြောပါနဲ့ ။ သွားမလုပ်ပါနဲ့ ။ အိမ်ထောင်ရေးမှာ ရှင်းရခက်တဲ့ အကျယ့်အကျယ် မငြိမ်းဖွယ် ကိစ္စတွေ ဖြစ်လာစေပါတယ်။
အများအားဖြင့် ယောက္ခမနဲ့  ချွေးမ အဆင်မပြေကြတာ အိမ်ထောင်စု ၁၀ စုမှာ ၁ စု လောက် မြင်တွေ့ နေရပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ ယောက္ခမဆီက အကြင်နာ လက်ဖြန့် တောင်းနည်းကို ဖော်ပြလိုက်ပါတယ်။
ဟုတ်မဟုတ်တော့မသိပါ..ဖတ်မိတာလေးသဘောကျလို့ပါ..သေချာချင်ရင်တော့စမ်းကြည့်လိုက်ပေါ့သူငယ်ချင်းတို့..ဟဟ
8 Days Journal
No comments:
Post a Comment