ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday, 29 August 2009

နုပျိုခြင်း၏ လျှို့ ဝှက်ချက်များ

အရွယ်နှင့် မလိုက်အောင် နုပျိုသူတို့ သည် သူတို့ ၏ ဘ၀တွင် ချစ်ခင် စုံမက်မှုကို ရှေ့ တန်း တင်ခြင်း၊ လူတိုင်းနှင့် ပေါင်းသင်းတတ်ခြင်း၊ သားသမီး နည်းခြင်း၊ ကျန်းမာသော ခန္ဓာကိုယ် ရှိသည့်အပြင် လေ့ကျင့်ခန်းများ မှန်မှန်လုပ်ခြင်း၊ နှစ်နှစ် ခြိုက်ခြိုက် အိပ်ပြီး နိုးလာလျှင် လန်း ဆန်းနေခြင်း၊ ခရီး များများ သွားတတ်လေ့ရှိခြင်း၊ စာများများ ဖတ်ပြီး တီဗွီ အကြည့်နည်း ခြင်း၊ ၄င်းတို့ ၏ မိဘများသည် ကျန်းမာပြီး အသက်ရှည်သော စရိုက် လက္ခဏာများ ရှိခြင်းတို့  ကြောင့် ဖြစ်သည်။ အိုမင်းခြင်း အပေါ် မျိုးရိုးဗီဇ လွှမ်းမိုးမှု အလွန် နည်းပါးသည်။


နုပျိုလိုသူတို့ အတွက် လေ့ကျင့်ခန်း လုပ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ ခန္ဓာကိုယ်ကို ကြံ့ခိုင် စေသည်သာမက ဥာဏ်ရည် ဖွံ့ ဖြိုးမှု ကိုလည်း ဖြစ်စေသည်။ ကိုယ့်ကိုကိုယ် သိပ်မ တက်ကြွဘူး ထင်လျှင် လမ်း မြန်မြန် လျှောက်ပါ။ တစ်ပါတ် လျှင် ၃ကြိမ်၊ တကြိမ်ကို မိနစ် ၂၀ မှ မိနစ် ၃၀ အထိ လမ်းလျှောက်ခြင်းသည် ခန္ဓကိုယ်ကို ပိုမို ကြံ့ခိုင်စေသည်။

နုပျိုလိုသူတို့ အတွက် အစားမျိုးစုံ စားခြင်းသည် အလွန်ကောင်းပါသည်။ စားသောအစာ၏ ၆၀%သည် Carbohydrate ဖြစ်သင့်ပြီး အထူးသဖြင့် ပဲအမျိုးမျိုးကို စားဖို့  လိုပါသည်။ ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများကိုလည်း စားပေးရမည်။ အစာကို ကျေညက်စွာ ၀ါးစား ရမည်။ မဆာပဲ စားခြင်းကို ရှောင်ရမည်။ ဆားနှင့် သကြားလျှော့စားရမည်။ ဆေးလိပ်၊ အရက်၊ ကော်ဖီတို့ ကို ရှောင်ပါ။ Vitamin C သည် ခန္ဓာကိုယ် အရေပြားကို နူးညံ့စေသည်။

စိတ်ဓါတ် ခွန်အားကို အန္တရယ်ပြုစေသော အချက်မှာ တီဗွီ ရှေ့ တွင် အဓိပ္ပါယ်မဲ့ ထိုင်ခြင်း ဖြစ်သည်။ ထိုသို့  မလုပ်ပဲ စာအုပ် အသစ်များကို ဖတ်ရမည်။ ကိုယ် မသိသေးသော အကြောင်းအရာများကို လေ့လာရမည်။ အကြောင်း အရာသစ်များကို ဦးနှောက်က ပိုပြီး လက်ခံတတ်သည်။ နားမထောင်ဖူးသေးသော သီချင်း အသစ်များကို နားထောင်ရမည်။ ထိုသို့  ပြုမူမှုများကို ပြုလုပ်ဖန်များလျှင် သင်သည် အသားအရေ ကြည်လင်၍ နုပျိုလာမည်။

No comments:

Post a Comment