ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday, 29 August 2009

အမျိုးသမီးများအတွက် ဖက်ရှင် အကြံပြုချက်

ဟန်ပန်စတိုင် လမ်းညွှန်

၁။ ရောနှောဖို့ နဲ့  လိုက်ဖက်ညီအောင် လုပ်ဖို့  အရောင်တကာနှင့် တွဲဝတ်နိုင်တဲ့ ကြားခံ အရောင်များ ရှိပါစေ။

၂။ ကော်လာ လည်ဖွင့် ရှပ်အင်္ကျီများနှင့် လည်ဟိုက် အောက်နိမ့် အင်္ကျီတွေက လည်တံကို ရှည်စေတယ်။ လည်ဆွဲရှည် တစ်ခုကို ၀တ်ဆင်ပါ။

၃။ ပုံပန်းကျတဲ့ ချုပ်ထည်များဟာ လူပုံသဏ္ဍန်ကို ဟပ်စပ်မိ စေပါတယ်။

၎။ ကိုယ့်ရဲ့ ခန္ဓာကိုယ်နဲ့  လိုက်ဖက်တယ်လို့ ထင်ရတဲ့ အခု ၀တ်ထားတဲ့ အ၀တ်အစား ဟန်ပန် စတိုင် အတိုင်း တူညီတဲ့ အ၀တ်များကို ၀ယ်ပါ။

၅။ အရေးပေါ် သုံးဖို့  ကိုယ့်ရဲ့ ပိုက်ဆံအိတ်ထဲမှာ တွယ်ချိတ် တစ်ချောင်း ထည့်ထားပါ။

၆။ ပခုံးဒေါက်များဟာ ကြီးမားတဲ့ ရင်သားနဲ့  ကျယ်တဲ့တင်တွေကို မျှတစေပြီး သေးသွယ် (Slim) ပေါက်စေပါတယ်။

၇။ဘောင်းဘီရှည်ထက် အတွင်းခံ ဘောင်းဘီက ရှည်နေရင် ခါးနားမှ အပေါ်သို့  လိပ်တင် ထားပါ။

၈။ ရှုးဖိနပ်များကို တနေ့ လုံး (သို့ ) အထူး အခမ်းအနား အတွက် မ၀တ်မှီ အစမ်း ၀တ်ကြည့် ထားပါ။

၉။ ကိုယ်အလေးချိန် လျော့လာရင် (သို့ ) တိုးလာရင် စတိုးဆိုင် သွားပြီး ကြား Size ကိုဝယ် ပါ။

၁၀။ ကိုယ်ရဲ့ အောက်ခံ ဘောင်းဘီကို တကယ် တော်ရဲ့လားဆိုတာ စမ်းထားပါ။ လူတွေရှေ့  မှာ အောက်ခံ ဘောင်းဘီ (Panty Hose) ကို မဆွဲပါနဲ့ ။

၁၁။ အထည်သစ်ကို ၀တ်ကြည့်ဖို့  မကြောက်ပါနဲ့ ။

၁၂။ ကိုယ့်ရဲ့ အ၀တ်ကို မသိမ်းဆည်းခင် အမြဲ သန့် ရှင်းအောင် လုပ်ပါ။

၁၃။ ကိုယ့်ရဲ့ အ၀တ်အစားကို စွန်းထင်းခြင်းမှ ကာကွယ်ဖို့  အ၀တ်အစား မ၀တ်မီ ရေမွှေး ဆွတ်ပါ။

၁၄။အားလုံး ဗလာ လှစ်မပြပါနဲ့ ။ ထူးဆန်း အံ့သြမှု တချို့ ကို သင့်ရဲ့ ရုပ်ပုံမှာ ထားခဲ့ပါ။

၁၅။ ဇစ်တွေ ကျပ်နေရင် ချောင်သွားအောင် ဇစ်ကို ဖယောင်း (သို့ ) ဆပ်ပြာတောင့် နဲ့  ပွတ် တိုက် ပေးပါ။

၁၆။ သားရေဟာ ဆန့် တဲ့ သဘောရှိတာမို့  သားရေ ဘောင်းဘီဝယ်ရင် ဆိုဒ်တစ်ခု အောက် လျှော့ဝယ်ပါ။ (ဥပမာ ၃၀ ဆိုရင် ၂၉ ၀ယ်ပါ)

No comments:

Post a Comment