ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Tuesday, 4 August 2009

"ဒီလိုဒီလို ခေါ်ကြရအောင်"

Photobucket
ဂျပန်နိုင်ငံ၊ ယိုကိုဟားမားဆိပ်ကမ်းတွင် ကုန်ချနေသော ကိုသက်ပန်တို့သင်္ဘော (PRO.ATLANTICA) သင်္ဘောပေါ်သို့ သင်္ဘောသားအသစ်လေးဦး ကနေစတင်ရောက် ရှိလာသည်။ လူသစ်လေးဦးမှာ အားလုံး မြန်မာတွေပါပဲ။ တတိယကုန်ပတ်အရာရှိ (THIRD MATE) တစ်ဦး၊ အလုပ်သင်အင်ဂျင်နီယာ (ENGING CADET) တစ်ဦး၊ စုစု ပေါင်း လေးဦးဖြစ်သည်။
သူတို့အဖွဲ့သင်္ဘောပေါ်သို့မနက်စောစောရောက်ရှိလာကြပြီးမွန်းလွဲပိုင်းမှာသက်ဆိုင်ရာလုပ်ငန်းခွင်သို့ဝင်ကြတော့သည်။ကိုသက်ပန်တို့အင်ဂျင်စက်ခန်းကိုတော့ဆီလောင်း (OILER) နှင့်အင်ဂျင်ကဒက်အသစ် ရောက်လာကြသည်။ဆီလောင်းကယခုသင်္ဘောကိုတစ်ခေါက်စီးထားဖူးသော လူဟောင်းဖြစ်၍ ဘာမျှအထူးအထွေပြရန် မလိုပါ။ အင်ဂျက် က ဒက်လေးကတော့ယခုမှနိုင်ငံခြားသင်္ဘောကိုတစ်ခေါက်စီးထားဖူးသော လူဟောင်းဖြစ်၍ဘာမှအထူးအထွေပြရန်မလိုပါ။အင်ဂျက်ကဒက်ကလေးကတော့ယခုမှနိုင်ငံခြားသင်္ဘောကိုမြင်ဖူးသူအသစ်စက်စက်ကလေး ဖြစ်သည်။ အသက်နှစ်ဆယ်ခန့်ရှိပြီး အသားညိုညို၊မျက်လုံးပြူးပြူးနှင့် သွက်လက်ဟန်ရှိသည်။စကစားနည်းနည်းဝဲသည်။မန္တလေးတိုင်းမြို့နယ်တစ်ခုမှာ နေထိုင်ကြောင်း သိရသည်။ အမည်ကတော့ ပျံနေသည်။ မောင်မောင်စိုးထွန်းဆိုပဲ။ ကိုသက်ပန်တို့အင်ဂျင်အဖွဲ့ကခပ်လွယ်လွယ် အညာသားဟု ပင် အမည်သစ်ပေးလိုက်သည်။ရောက်စဆိုတော့ သင်္ဘောအထာကို သူဘာမျှမသိသေး၊ ဟိုပစ္စည်းယူခိုင်းလိုက်၊ လက်တို လက်တောင်း စမ်းခိုင်းနေရသည်။ ခိုင်းသမျှကိုတော့ ရိုရိုကျိုးကျိုး လုပ်ရှာ၏။သူနှင့်စကားပြောရတာခက်သည်ကဘာသာဗေဒပြဿနာဖြစ်၏။ မြန်မာအချင်းချင်း စကားပြန် ပဲထားရတော့မလိုလို၊ တစ်ခါတစ်ရံ အလွန်ဦးနှောက်ခြောက်ရသည်။ တစ်ခါက အလုပ် လုပ်ရင်း အညာသားကို ခိုင်းစရာပေါ်လာ၍...
“အညာသားရေ...စကူဒရိုင်ဘာ(SCREWDRIVER)အကြီးတစ်ချောင်းလောက် ၀ပ် ရှော့ထဲမှာ သွားယူလိုက်စမ်းပါကွာ...”
အညာသားက ကိုသက်ပန်ကို မျက်လုံးလေးပေကလပ်၊ ပေကလပ်နှင့် ကြည့်လိုက်ရင်း...
“ဆရာ...စကူဒရိုင်ဘာက ဘာကိုခေါ်တာလဲ...”
“၀က်အူလှည့်ကို ခေါ်တာကွ...အညာသားရ...”
“၀က်အူလှည့်ဆိုတာ...”
ကိုသက်ပန်စိတ်မရှည်တော့...အနီးရှိဗန်း(TRAY)ထဲမှဝက်အူလှည့်အသေးတစ် ချောင်းကို ကိုင်ပြရင်း...
“ဒီလိုဟာမျိုးကွာ...ဒါမျိုး...ဒီထက်ကြီးတာလိုချင်လို့...”
စိတ်တိုတိုနှင့် အော်လိုက်မှ ထိုဝက်အူလှည့်ကို ပြူးပြဲကြည့်ရင်း...
“စောစောက ပြောရောပေါ့ ဆရာရယ်...ကျောက်လှည့်လိုချင်တယ် ဆိုပြီး...”
အညာသားက...အဲဒီလို အညာသားဖြစ်သည်။ သင်္ဘောက အခေါ်အဝေါ်တွေနှင့် သူတို့ ဒေသသုံး စကားလုံးတွေကြားမှာ လုံးပတ်ချာလည်လိုက်နေသည်။ စိတ်ရှည်သည့်လူနှင့် တွေ့လျှင် မထောင်းတာလှသော်လည်း စိတ်တိုသည့် သူနှင့်တွေ့လျှင် အညာသားခမျာ အဆူအဆဲခံရသည်။
တစ်ရက်အင်ဂျင်စက်ခန်းတွင်အလုပ်လုပ်ကြရင်းနှစ်တန်ချိန်ဘလောက်(CHINA BLOCK) တစ်လုံး လိုနေသဖြင့် မေးကြည့်တော့ မနေ့က ကုန်းပတ်မှုး (B0SUN) ငှားသွား သည်ဟု သိရသည်။ ကုန်းပတ်( DECK) ပေါ်တွင် ချိန်းဘလောက်သွားပြန်ယူဖို့ အညာ သားကိုပဲ တာဝန်ပေးရသည်။
“ဟေ့...အညာသား...လာဦး...ဒီလိုချိန်းဘလောက်မျိုး...သူ့ထက်နည်းနည်းကြီးတဲ့ဟာ နှစ်တန်ချိန်ဘလောက် ဘိုဆင် မနေ့က ငှားသွားတယ်...အဲ့ဒါကိုသွားပြန်တောင်းစမ်း...ဒီမှာသုံးစရာရှိတယ်လို့ပြော ကြားလား...တလွဲလုပ်မလာနဲ့ဦး...”
ကိုသက်ပန်ကလောလောဆယ်အသုံးပြုနေသောတစ်တန်ချိန်းဘလောက်ကိုပြရင်း ခိုင်းလိုက်သည်။
“စိတ်ချပါ ဆရာ...”
အညာသား ကုန်းပတ်ပေါ် အပြေးတစ်ပိုင်းတက်သွားသည်။ ကုန်းပတ်ပေါ်ရောက်တော့ဘိုဆင်ကိုသူချက်ချင်းရှာမတွေ့၊ဟိုလူမေး၊သည်လူမေးဖြင့် သင်္ဘောဦး (FOCER) သို့ ရောက်သွားသည်။ ဟိုရောက်တော့ ဘိုဆင်က ဆေးစတိုး(PAINT STORE) ထဲတွင် ဆေးပုံးတွေနှင့် အလုပ်ရူပ်နေသည်။ ကိုသက်ပန်တို့ သင်္ဘောက ဘိုဆင်(ကုန်းပတ်မှုး) မှာ မြန်မာဖြစ်ပါသည်။ကိုမောင်ဝင်းဟုခေါ်သည်။ အညာသားက ဘိုဆင်ကိုမောင်ဝင်းကို တွေ့သည်နှင့်...
“ဦးဆင်ရေ...ကျွန်တော့်ဆရာကခိုင်းလိုက်တယ်...ခင်ဗျဘိုဆင်ကိုမောင်ဝင်းမျက်လုံးပြူးသွားသည်။ ဘယ့်နှယ် ဦးဆင် ဆိုပါကလား။
“ဟေ့ကောင်...အညာသား...မင်း ငါ့ကို ဘယ်လိုခေါ်လိုက်တာလဲ...”
“ဦးဆင်ကိုသက်တူရွယ်တူတွေကဘိုဆင်လို့ခေါ်တယ်လေ...ကျွန်တော်ကငယ်တာမဟုတ်လား...ဒါကြောင့်ရိုရိုသေသေဦးတပ်ပြီးခေါ်တာပေါ့...လုပ်ပါ ဦးဆင်ရယ် ချိန်းဘလောက် မြန်မြန်ပေးပါ...ကြာရင် ကျွန်တော့ဆရာတွေက ဆဲမှာဗျ...”
တစ်သက်လုံး သင်္ဘောလိုက်စားလာသော ဘိုဆင် ကိုမောင်ဝင်းကား အညာသားနှင့် တွေ့တော့မှ ဦးဆင်ဖြစ်သွားရတော့သည်။ သူ့ခမျာ နှစ်စေ့၍ အိမ်ပြန်သွားရသည်အထိ သင်္ဘောပေါ်မှာရာထူးအခေါ်အဝေါ် ဘိုဆင်ပျောက်ရုံမက မွေးသမိခင် အရင်းခေါက် ခေါက်က နေံသင့်နံသင့်ပေးထားသော ကိုမောင်ဝင်း အမည်ပါပျောက်ပြီး ဦးဆင် ဖြစ်သွားလေတော့သည်။ ဘိုဆင်ကိုမောင်ဝင်းကား မြန်မာပြည် ပြန်ခါနီးနောက်ဆုံးအထိ အညာသားကို မျက်စောင်းတခဲခဲနှင့်...
“ဟင်...သေနာကျလေး...ဒင်းကြောင့်...ဒင်းကြောင့်”

No comments:

Post a Comment