ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 28 August 2009

ကော်ဖီ အကြောင်း သိကောင်းစရာ တစ်မျိုး

ကော်ဖီကို လူအတော်များများ နှစ်သက်တာ အမှန်ပါ။ နံနက်ခင်း အိပ်ရာထမှာ ကော်ဖီ စစ်စစ် တစ်ခွက် နေ့ စဉ် သောက်ပေး သင့်ပါတယ်လို့  ဂျပန်သုတေသီများက ပြောပါတယ်။ ဘာဖြစ်လို့ လဲဆိုရင် ကော်ဖီတစ်ခွက် နေ့ စဉ်သောက်ခြင်းဟာ ခံတွင်း ကင်ဆာ၊ လည်ချောင်း ကင်ဆာနှင့် အစာရေမျို ကင်ဆာ ဖြစ်နိုင်တဲ့ အန္တရာယ်ကို ၅၀% အထိ လျှော့ချ ပေးနိုင်လို့  ဖြစ်ပါ တယ်။ ထိုသုတေသီများက ကော်ဖီမှာ Cafestol ကဖက်စ် တောလ်နဲ့  Kahweol ကာဝေါလ် ဆိုတဲ့ အင်တီ အောက်ဆီးဒင့် နှစ်မျိုး ပါဝင်ပြီး ၄င်းတို့ က ကလပ်စည်းထဲရှိ DNA ကို ထိခိုက် ဖျက်ဆီး ပစ်နိုင်တဲ့ ကင်ဆာ ဖြစ်စေတဲ့ ပစ္စည်းများ ကြီးထွားမှုကို ပိတ်ပင် တားဆီးနိုင်တာကြောင့် ဖြစ်တယ်လို့  ယူဆကြပါတယ်။

Health Digest Journal

No comments:

Post a Comment