ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 26 August 2009

☺အတိတ်ဇာတ်☻

ဗာရာဏသီပြည်၌ ဗြဟ္မဒက်မင်း စိုးစဲစဉ်- .... ဘုရားလောင်းသည် နွားမျိုးဖြစ်လေ၏။ ထိုနွားကလေးမှာ အိမ်ငှားများက အိမ်ရှင်အဘွားကြီးအား အိမ်၏အခ (အိမ်ငှားခ) အဖြစ် ပေးလိုက်ခြင်း ဖြစ်၏။ အဘွားအိုသည် သားအဖြစ် ချစ်ခင်၍ ယာဂု ထမင်း စသည်တို့ကို ကျွေးထား၏။ “အယျိကထာဋ္ဋက” ဟု အမည်ပေးထား၏။ ရွာမှ ကလေးသူငယ်များက သဘော ကောင်းသော နွားကလေးနှင့် ကစားဖော်များ ဖြစ်ကြ၏။
နွားပေါ် တက်စီးကြ၊ ဦးချိုကို ဟီးလေးခိုစီး၊ နားရွက်ကိုဆွဲ၊ အမြီးကို ဆွဲ၍ အပြိုင်ရုန်းကန်နှင့် ပျော်ရွှင်ကြရ၏။ အရွယ်ကြီးလာသော် ရွာမှာ နွားအုပ်နှင့်အတူ လှည့်လည်ကျက်စားလေ၏။ တစ်နေ့တွင် စဉ်းစားမိ၏။ “ငါ့အမေသည် ဆင်းရဲလှသည်၊ ငါ့ကို ကျွေးမွေးနေသည်မှာ ကြာပြီ၊ ငါလည်း အလုပ်လုပ်နိုင်သော အရွယ်ရောင်ပြီ၊ ငါ့လုပ်အားဖြင့် အမေ့ကို ချမ်းသာအောင် လုပ်ရလျှင် ကောင်းမည်” ဟု၏။ တစ်နေ့တွင် လှည်းကုန်သည်သား တစ်ယောက်သည် လှည်းငါးရာဖြင့် ရေဆိပ်သို့ ရောက်လာသည်။ ရွှံ့နွံ ထူထပ်၍ လှည်းငါးရာစလုံး နွံနစ်နေကြသည်။

ရုန်းထွက်၍ မရ၊ ထိုအချိန်တွင် “အယျိကကာဋ္ဋက” သည် ရွာထဲမှ နွားများနှင့်အတူ ရေဆိပ်သို့် ရောက်လာသည်။ နွားကြန်အင် လက္ခဏာကို သိသော လှည်းကုန်သည်က ဘုရားလောင်း အယျိကကာဋ္ဋကကို မြင်လျှင် ဥသဘအာဇာနည် နွားဖြစ်ကြောင်း သိရသဖြင့် အနီးရှိ ကလေးများအား “ နွားပိုင်ရှင်ကို ပြောပေးပါ၊ ဤနွားဖြင့် လှည်းတစ်စီး နွံထဲမှ ရုန်း၍ တင်ပေးလျှင် အသပြာငွေ နှစ်ကျပ်နှုန်းပေးပါ မည်“ ဟု ပြော၏။ ကလေးများက ပိုင်ရှင်မှာ အဘွားကြီး ဖြစ်သည်။ သားလိုမွေးထားသည်၊ ခိုင်းမှာမဟုတ် အယျိကကိုပြောလျှင် နားလည်ပါသည်၊ ပြောကြည့်ပါ” ဟု အကြံပေး၍ လှည်းကုန်သည်သားသည် အယျိကကို ပြော၏။ အယျိယ နားလည်၏။ အမေ့ကို ကျေးဇူး ဆပ်တော့မည်ဟု ၀မ်းမြောက် ၀မ်းသာ နွံထဲသို့ အလိုအလျောက်ဆင်း၏။ နွံနစ်နေသော ရှေ့ဆုံးလှည်းရှေ့မှာ ရပ်၏။ လှည်းကုန်သည် သားသည်“ အယျိကကာဋ္ဋက” အား နွံနစ်နေသော လှည်းဖြင့် တွဲ၍ ကြိုးများဖြင့် ချည်ပေး၏။ လှည်းများသည် တစ်စီးပြီးတစ်စီး နွံထဲမှ လွတ်မြောက်သွားကြ၏။ လှည်းငါးရာစလုံး လမ်းကောင်းပေါ် ရောက်သွားကြ၏ ။ ကိစ္စပြီးစီးပြီး ဖြစ်၍ လှည်းကုန်သည်သားက ငွေအသပြာ တစ်ထောင်ပေးရမှာ နှမြောလာ၏ ။

နွားပဲ ဘာနားလည်မှာလဲ ဟု သဘောထား၍ ငွေအသပြာ ငါးရာထုပ်ကို လည်ပင်း၌ ချည်ဆွဲပေးလိုက်သည်။ အယျိကကာဋ္ဋကလည်း အသပြာ ငွေငါးရာသာ ပေးသည်ကို သိသည်။ ထို့ကြောင့် လှည်းများ မထွက်နိုင်အောင် ရှေ့ဆုံးလှည်း၏ ရှေ့မှာ လမ်းပိတ်၍ ရပ်လိုက်သည်။ ခြောက်လှန့်မောင်းနှင်သော်လည်း ဂရုမစိုက်၊ မတုန်မလှုပ်နေသည်။ လှည်းကုန်သည်သားက ငွေအသပြာငါးရာတည်းဖြစ်နေ၍ လိမ်းပိတ်ထားဟန်တူသည်ဟု နောင်ထပ် ငွေအသပြာ ငါးရာထုပ်ကို လည်ပင်းမှာ ထပ်ဆွဲ ချိတ်ပေးလိုက်သည်။ ထိုအခါမျ လမ်းဖွင့်ပေးကာ အိမ်သို့ အလျင်အမြန် ပြေးသည်။ လမ်းတွင် ကစားနေကျ ကစားဖော်မျာက အယျိကကာဋ္ဋာက နောက် ပြေးလိုက်ကြသည်။ အယျိက သည် မည်သူမျှ အနားကပ်မခံ၊ ခြိမ်း ခြောက်ဟန့်တားရင်း အိမ်အရောက် ပြေးသည်။ အယျိကသည် ရှေ့မှပြေးလာ၍ ခပ်လှမ်းလှမ်းမှ ကလေးများ ၀ိုင်းလိုက်လကြသည်ကို အမေမြင်သောအခါ သားကြီး ဘာများဖြစ်လာသလဲ သားကြီးကို ဆီးကြိုသည်။

အမေ့ကို တွေ့လျှင်အပြေးရပ်သွားသည်။ အမေသည် သားကြီး အမော တကောဖြစ်လာသည်ကို တွေ့၍- “ဘယ်လိုဖြစ်လာလဲ သားရယ်၊ မျက်လုံးနှစ်ဖက်စလုံးလဲ ရဲရဲနီလို့ပါလား၊ သိပ်မောသလား” ဟု ရေတိုက်ရန် ရေကို ယူမည် ပြုစဉ် ကလေးများ ရောင်လာ၍ အဖြစ်အပျက်ကို ၀ိုင်းပြောကြရာ အမေမှာ ကလေးများ ပြောသည်ကို နားထောင်လိုက်၊ သားကြီးကို လှည့်ကြည့်လိုက်နှင့် သားကြီးပေါ် ကရုဏာကြီးစွာဖြင့်-...“ဘာလောက်များ ဒီလောက်အပင်ပန်းခံရသလဲ သားကြီးရယ်“ ဟု ၀မ်းသာဝမ်းနည်း မျက်ရည်များ ကျဆင်းလေ၏ ။ အယျိယက သည် မိခင်၏ ကျေးဇူးကို ဆပ်ရပြီဖြစ်သဖြင့် ၀မ်းသာနေသည်။ အမေသည် သားကြီးကို ရေချိုးပေးပြီး ဆီများလိမ်းကျံ နှိပ်နယ်၍ အနားယူစေသည်။ သူငယ်ချင်းတို့လည်း မိဘကျေးဇူးဆပ်နိုင် ကြပါစေရှင်..☺တောသူလေး☻

No comments:

Post a Comment