မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မှုလို့ မီသဂြိုလ်တဲ့အခါ ကြွင်းကျန်ရစ်တဲ့ ဓာတ်တော်တွေကို ဓာတုစေတီလို့ ခေါ်တယ်။ ဘုရားရှင်ရဲ့ အရိုးတော်မှ ဖြစ်လာတဲ့အတွက် သာရီရိက စေတီလို့ ခေါ်တယ်။ မြန်မာတွေကတော့ စေတီဆိုတဲ့ ဝေါဟာရ မပါဘဲ ဓာတ်တော်လို့ ခေါ်ကြတယ်။
အနာဂတ် လူသားတွေ ကိုးကွယ်ဆည်းကပ်ဖို့ ဘုရားရှင်ရဲ့ အမွေပစ္စည်းအဖြစ် ထားခဲ့တာဖြစ်လို့ မွေတော်လို့လဲခေါ်ကြတယ်။ ဓာတ်တော်တွေကို စေတီပုထိုးထဲမှာ ငှာပနာပြီး ပူဇော်ကြတဲ့အတွက် စေတီကို ပူဇော်မှုဟာ ဓာတ်တော်ကို ပူဇော်ရာ ရောက်တယ်။ ဓာတ်တော်ကို သီးသန့် ပူဇော်မှုကတော့ အတော်နည်းပါတယ်။
No comments:
Post a Comment