ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday, 29 July 2010

နတ်ဟိန္ဒူနဲ့ မဟာယာန ဗုဒ္ဓဘာသာတွေ ရောနှောနေယင် မြန်မာဗုဒ္ဓဘာသာကို ထေရ၀ါဒတောင်ပိုင်း ဗုဒ္ဓဘာသာလို့ ခေါ်ဆိုနိုင်ပါ့မလား?

ခေါ်ဆိုနိုင်ပါတယ်။ မြန်မာနိုင်ငံဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာနိုင်ငံဖြစ်တယ်လို့ မြန်မာလူမျိုးတွေကလဲ ခံယူတယ်။ ကမ္ဘာကလဲ အသိအမှတ်ပြုတယ်၊ ရဟန်းတော်တွေဟာ ထေရ၀ါဒ ၀ိနည်းတော်အတိုင်း ကျင့်သုံးနေထိုင်ပြီး ထေရ၀ါ၏ ပိဋကတ်တွေကိုသာ သင်အံဟောကြားတဲ့အတွက်ကြောင့် ဖြစ်တယ်။


ဒါပေမယ့် ကမ္ဘာက ဘယ်လိုပဲ အသိအမှတ်ပြုပြု မြန်မာဗုဒ္ဓဘာသာ ယဉ်ကျေးမှုထဲမှာ နတ်ဟိန္ဒူနဲ့မဟာယာန ယဉ်ကျေးမှုတွေ ရောနှောနေတယ်ဆိုတာကိုလဲ အသိအမှတ်ပြုရမှာပဲ။ ဟိန္ဒူဗြာဟ္မဏအယူဝါဒနဲ့ မဟာယာန ဗုဒ္ဓဘာသာတွေကို လက်ခံကျင့်သုံးခဲ့တာ နှစ်ကာလကြာညောင်း လာတဲ့အတွက် ထေရ၀ါ၏ဗုဒ္ဓဘာသာ အယူလို့ပဲ မှတ်ထင်နေကြပါတယ်။


ဒီလိုအမှန်ကို မသိကြတော့လို့လဲ မြန်မာ့ယဉ်ကျေးမှုဟာ ထေရ၀ါဒဗုဒ္ဓဘာသာယဉ်ကျေးမှုစစ်စ် ဖြစ်တယ်လို့ ယုံကြည် မှတ်ယူနေကြခြင်း ဖြစ်ပါတယ်။

No comments:

Post a Comment