ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday, 31 July 2010

ရတနာသုံးပါး ကိုးကွယ်ဆည်းကပ်သူကို ပိဋကတ်ထဲမှာ ဘယ်လိုခေါ်ထားပါသလဲ?

ရတနာသုံးပါး ဆည်းကပ်သူကို သမ္မာဒိဌိ=အမြင်မှန်ရှိသလို့ လဲခေါ်တယ်၊ ဥပသက=ရတနာသုံးပါး ဆည်းကပ်ကိုးကွယ်သူလို့လဲ ခေါ်တယ်။ ဥပသကာဆိုတဲ့ အမည်ကို အများဆုံး သုံးကြတယ်။


မြန်မာလူမျိုးတွေက ဗုဒ္ဓဘာသာဝင်တိုင်းကို ဥပသကာလို့ အမှန်အတိုင်း မခေါ်ကြဘူး။ ၀တ်ဖြူစင်ကြယ် ၀တ်ပြီး ရတနာသုံးပါး ဝေယျာဝစ္စအတွက် ပိုက်ဆံနဲ့ပစ္စည်း ၀တ္ထုလှည့်လည် အလှူခံသူတွေကိုသာ ဥပါသကာလို့ ခေါ်တယ်။ ဥပါသကဆိုတဲ့ ပါဠိကို ဥပါသကာလို့ မြန်မာမှုပြောင်းလဲ ခေါ်ထားခြင်း ဖြစ်တယ်။

No comments:

Post a Comment