(က) အလင်္ကာရဆိုတဲ့ ပါဠိပုဒ်မှာ ရှေ့က(အ)နဲ့ နောက်က(ရ)ကို ဖြုတ်ပြီး လင်္ကာဆိုတဲ့ မြန်မာစာလုံး၊ ဖန်တီးယူသလို အရဟန္တဆိုတဲ့ ပါဠိပုဒ်မှာ ရှေ့က(အ)နဲ့ နောက်က(တ)ကို ဖြုတ်ပြီး ရဟံ-ရဟန်းလို့ မြန်မာ ဝေါဟာရ ဖြစ်လာတယ်။ အရဟန္တဆိုတဲ့ မှုလပါဠိပုဒ်က အရိယာ(၈)ယောက်မှာ နောက်ဆုံး အဆင့်အမြင့်ဆုံး ရဟန္တာပုဂ္ဂိုလ်ကို ဆိုလိုပေမယ့် မြန်မာဝေါဟာရ ဖြစ်လာတော့ ရိုးရိုးပုထုဇဉ် ဘုန်းကြီးတွေကို ရဟန်းလို့ ခေါ်တယ်။
(ခ) ရဟန်းအဖြစ် ခံယူတဲ့အခါ အင်္ဂါငါးပါး အချက်အလက် ငါးခုနဲ့ ပြည့်စုံရတယ်။ အဲဒီအင်္ဂါငါးပါးကို ပါဠိလို ပဉ္စင်္ဂလို့ ခေါ်တယ်။ မဂ္ဂင်္ဂက မဂ္ဂင်ဖြစ်သလို ပဉ္စင်္ဂက ပဉ္စင်း ပဉ္စင်းလို့ မြန်မာ ဝေါဟာရ ဖြစ်လာတယ်။ လေးစားမှုနဲ့ ရှေ့က(ဦး)ထည့်လိုက်တော့ ဦးပဉ္စင်း ဖြစ်လာတယ်။
ရဟန်းလို့ အဓိပ္ပာယ်ရတဲ့ ပါဠိစကား ဥပသမ္ပန္နပုဒ်က ဥပသမ်း ဥပစမ်း ဥပစင်းလို့ ပြောင်းလာတယ်လို့လဲ ကြံဆကြတယ်။ ယုတ္တိလဲရှိပါရဲ့၊ ယနေ့ အသံထွက်နဲ့လဲ ညီပါရဲ့၊ ဒါပေမယ့် ယနေ့ရေးနေတဲ့ ဦးပဉ္စင်းဆိုတဲ့ စာလုံးပေါင်းနဲ့က မကိုက်တော့ဘူး။ ရဟံက ရဟန်းဖြစ်သလို ဥပစမ်းက ဦးပစင်းဖြစ်လာတယ်ဆိုယင် ဖြစ်နိုင်တဲ့ ရေးထုံးပါပဲ။
(ဂ) ဘုန်းကြီးဆိုတဲ့ ဝေါဟာရကတော့ ဘုန်းကံကြီးမားသူလို့ အဓိပ္ပာယ်ရတယ်။ ပဗ္ဗဇ္ဇိတဘာဝေါဒုလ္လဘော=ရဟန်အဖြစ်ဆိုတာ ရခဲတယ်။ ရဟန်းအဖြစ်ရတဲ့ ပုဂ္ဂိုလ်တွေဟာ ရှေးဘုန်း ရှေးကံရှိလို့လို့ ယူဆပြီဘုန်းကြီးလို့ ခေါ်တာပါပဲ။ တစ်ခါတစ်ရံဘုန်းကြီးအစား ကိုယ်တော်ကို သုံးကြတယ်။ တောင်ကျောင်းကိုယ်တော်၊ ဆွမ်းခံကိုယ်တော် မန္တလေးကိုယ်တော်၊ ကိုယ်တော်တို့ ဘယ်က ကြွလာသလဲ။
(ဃ) ဘုရင်ရဲ့ သားသမီးကို သားတော်၊ သမီးတော်ခေါ်သလို ဘုရင်ကိုးကွယ်ခံရတဲ့ ဘုန်းကြီကိုလဲ ဘုရင့်ဆရာတော်၊ နောက်တော့ ဆရာတော်လို့ ခေါ်တယ်။ ဘုရင်မရှိလို့ ဘုရင်ဆရာတော် မရှိပေမယ့် သက်တော်ဝါတော်ကြီးတဲ့ ကျောင်းထိုင်ဘုန်းကြီးတွေကိုလဲ ဆရာတော်လို့ ခေါ်ကြတယ်။ ဘုရင်ဆရာ မဟုတ်ပေမယ့် သူဌေးတွေ၊ အရာရှိကြီးတွေရဲ့ ဆရာဖြစ်လို့ ဆရာတော်လို့ ခေါ်တယ်ဆိုယင်လဲ မမှားပါဘူး။
အားလုံးခြုံပြောရရင်တော့ သက်တော် ၀ါတော်ငယ်ပြီး ကိုယ်ပိုင်ကျောင်းမရှိသေးတဲ့ မှီခိုသူ သာသနာ့ ၀န်ထမ်းတွေကိုရဟန်း၊ ဦးပဉ္စင်းလို့ခေါ်ပြီး ကျောင်းပိုင်ရှိပြီ သက်တော်ဝါတော်ကြီးတဲ့ သာ့သနာ့ဝန်ထမ်းတွေကို ဘုန်းကြီးဆရာတော်လို့ ခေါ်တယ်။ ဒါကြောင့် ရဟန်ခံတယ်၊ ပဉ္စင်းခံတယ်လို့သာ သုံးပြီး ဘုန်းကြီခံတယ်၊ ဆရာတော်ခံတယ်လို့တော့ မသုံရဘူး။
စာလာဖတ်ရင်း လင့်ပါ ပြန်ယူသွားတယ် တောသူမလေးရေ..
ReplyDeleteဘလော့အသစ်လေးမှာ အဆင်ပြေပါစေနော်.