ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 30 July 2010

အနော်ရထာမင်းစေဟာ နတ်ကိုးကွယ်မှုတွေ ဘယ်လို နှိမ်နှင်းခဲ့ပါသလဲ?

အနော်ရထာမင်းစောဟာ အလွန်သန့်စင်တဲ့ ထေရ၀ါရဗုဒ္ဓဘာသာကို နိုင်ငံအနှံ ဖြန့်ဝေပေးပေမယ့် လူတွေဟာ ကိုးကွယ်မှု အဟောင်းဖြစ်တဲ့ နတ်တွေကိုလဲ စွဲမြဲကိုးကွယ်နေကြတဲ့အတွက် အနော်ရထာမင်းစောဟာ ပုဂံနေပြည်တော်မှာ ရှိတဲ့ နတ်ကွန်းတွေကို ဖျက်၊ နတ်ရုပ်တွေကို ပိဿနိုးနတ်ကွန်းကြီးထဲ ထည့်ပြီး သော့ပိတ်ထားစေတယ်။ အဲသလို ပိဿနိုးနတ်ကွန်းကြီးကိုလဲ နတ်ရုပ်တွေထည့်လှောင်ထားလို့ နတ်လှောင်ကျောင်းလို့ ခေါ်တွင်ကြတယ်။


ဘုရင်ကိုယ်တိုင်က နတ်ကိုးကွယ်မှုကို နှိမ်နှင်းနေပေမယ့် နတ်ကွန်းနတ်ရုပ်မရှိပေမယ့် နတ်တွေကို တိတ်တဆိတ်ပူဇော် ပသနေကြတယ်။ ဒါကို ဘုရင်အနော်ရထာသိလို့ လူတွေရဲ့ နတ်ကိုးကွယ်လိုတဲ့ ဆန္ဒလဲ ပြည့်ဝစေ၊ နတ်ပူဇော်ဖို့ လာရင်းနဲ့ ဘုရားကိုလဲ ရှိခိုး ပူဇော်ဖြစ်ကြစေတော့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရွှေစည်းခုံဘုရားတည်တဲ့ အခါ စေတီဘေး တစ်နေရာမှာ မြန်မာနတ်(၃၇)မင်း ရုပ်လုံးပုံတွေကို ထုလုပ်ထားပေးတယ်။ သူရဿတီ၊ မဟာပိန္နဲစတဲ့ ဟိန္ဒူနတ်တွေကိုတော့ လုံးဝ အစဖျောက်ပစ်လိုက်ကြတယ်။ ဒီလိုနဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာ မရောက်ခင်က ထွန်းကားနေတဲ့ နတ်ကိုးကွယ်မှုဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာနှင့်အတူ ယှဉ်ပြိုင် ထွန်းကားခဲ့တာ ဒီနေ့အထိပဲ ဖြစ်ပါတယ်။

No comments:

Post a Comment