ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday, 31 July 2010

စေတီနဲ့ ဘုရားဟာ အတူတူပဲလား၊ မတူဘူးလာ?

မြန်မာဗုဒ္ဓဘာသာတွေ အနေနဲ့တော့ စေတီနဲ့ဘုရားဟား မတူပါဘူး။ ရွှေမောဓော၊ ရွှေတိဂုံ၊ ဆူးလေ၊ ဗိုလ်တထောင်စတဲ့ စေတီတွေကို စေတီလို့လဲ ခေါ်တယ်။ ဘုရားလို့လဲ ခေါ်တယ်။ ဒါပေမယ့် မဟာမြတ်မုနိ၊ ခြောက်ထပ်ကြီး၊ ငါးထပ်ကြီး စတဲ့ ရုပ်ပွား ဆင်းတုတော်တွေကိုတော့ ဘုရားလို့သာခေါ်တယ်။ စေတီလို့ မခေါ်ကြဘူး။


ဒါကြောင့် ရွှေတိဂုံဘုရား၊ ရွှေတိဂုံစေတီလို့ နှမျိုးသုံးပေမယ့် မဟာမြတ်မုနိဘုရားလို့သာသုံးပြီး မဟာမြတ်မုနိစေတီလို့တော့ မသုံးကြဘူး။ အမှန်မှာတော့ ရုပ်ပွားဆင်းတုတော်တွေဟာ ဥဒ္ဒိဿစေတီခေါ် စေတီတစ်မျိုး ဖြစ်ပါတယ်။ မှုလကျမ်းဂန်အလို အတူတူပါပဲ။ မြန်မာလူမျိုးတွေအခေါ်မှာတော့ မတူပါဘူး။

No comments:

Post a Comment