ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday, 29 July 2010

မြန်မာနိုင်ငံကို ဗုဒ္ဒဘာသာ ဘယ်တုန်းက ရောက်လာသလဲ?

ဗုဒ္ဓသည် ဘုရားဖြစ်ပြီးလို့ (၄၉)ရက် အရ လင်းလွန်းပင်ရင်းမှာ စံနေတော်မှုစဉ် မြန်မာပြည်သား တပုဿနဲ့ ဘလ္လိကကုန်သည်ညီနောင်ဟာ ဘုရားရှင်ထဲရောက်သွားတယ်။ မုန့်ကြွက်ကျစ် လှူဒါန်းတော်မှုလို့ ဘုရားရှင်က ဆံတော်(၈)ဆူ ချီးမြှင့်လိုက်တယ်။ အဲဒီအချိန်မှာ သံဃာမရှိသေးဘူး။ ဘုရားနဲ့တရားကို ကိုးကွယ် ဆည်းကပ်သူတွေထဲမှာ အစောဆုံးပုဂ္ဂိုလ်တွေအဖြစ်နဲ့ ပိဋကတ်မှာ မှတ်တမ်းတင်ခံရတဲ့ ပုဂ္ဂိုလ်တွေပဲ။ တပုဿနဲ့ ဘလ္လိကတို့ဟာ မြန်မာပြည် ပြန်လာပြီး ဥက္ကလာပမင်းကြီးနဲ့ တိုင်ပင်ကာ ရွှေတိဂုံစေတီတော်ကို တည်ထားကိုးကွယ်ကြတယ်။ ဂေါတမဘုရားရှင်ရဲ့ ဆံတော်ပါတဲ့ စေတီထဲမျာတော့ သက်တမ်းအကြီးဆုံးစေတီပဲ။


ရဟန္တာ ဂ၀ံပတိထေရ် ပင့်လျှောက်ချက်အရ ဘုရားရှင်ဝါတော်(၈)၀ါ အရမှာ ရဟန္တာနှစ်သောင်းနှင့် အတူ သုဝဏ္ဏဘူမိသထုံကို ဘုရားရှင် ကြွလာပြီး တရားဟောတယ်။


စူလပုဏ်၊ မဟာပုဏ်၊ ကုန်သည် ညီနောင်တို့ကလက်လေးသစ်ကို အဖိုးတစ်သိန်းထိုက်တန်တဲ့ စန္ဒကူး နှစ်ကျောင်းတော်ကြီးကို မင်းဘူးခရိုင် လယ်ကိုင်း ကျောင်းတော်ရာမှာ ဆောက်လုပ်လှူဒါန်းတယ်။ ကျောင်းအလှူရေစက်ချပွဲကို ဘုရားရှင်ကိုယ်တိုင် ၀ါတော်(၂၀)ကျော်မှာ ကြွရောက်လာပြီး တရားဟော ကြားတယ်၊ သစ္စဗန္ဒရသေ့ကြီးတောင်းပန်လို့ မင်းဘူးမှာ ခြေတော်ရာ ချထားခဲ့တယ်။


သာသနာတက္ကရာဇ် ၁၀၁-ခုနှစ်မှာ သရေခေတ္တရာပြည်၌ ဒွတ္တဘောင်မင်းကြီးလက်ထက် ရဟန္တာ ၅၀၀ကို နေ့စဉ်ပစ္စည်းလေးပါး ထောက်ပံ့တယ်။ ဓာတ်တော် ၆-ဆူကို ဌာပနာပြီး “ညည်းညည်း၊ စည်းစည်း၊ ပေါပေါ၊ လျောလျော၊ မြသီတင်း” ဆိုတဲ့ ဘုရားစေတီတွေနဲ့ လက်ရုံးတော် ဓာတ်ကို ငှာပနာတဲ့ မြင်ဗာဟု စေတီတွေဟာ ယနေ့တိုင်ရှိနေတဲ့ ဗုဒ္ဒဘာသာအထိမ်းအမှတ်တွေ ဖြစ်တယ်။


ဒါပေမယ့် အဆက်မပြတ်တည်ရှိပြီး အခိုင်အမာထွန်းလင်းနေတဲ့ ဗုဒ္ဒဘာသာကတော့ သာသနာသက္ကရာဇ် ၂၅၃ခုနှစ်မှာ တတိယသံဂါယနာတင်ပြီး အသောကမင်းကြီး ၉-တိုင်း ၉-ဌာန သာသနာပြု လွှတ်တဲ့အခါမှာ ရှင်သောဏနဲ့ ရှင်ဥတ္တရ တို့ ဦးဆောင်တဲ့ သာသနာပြု အဖွဲ့ဟာ မြန်မာနိုင်ငံ ရှေးက သုဝဏ္ဏဘူမိလို့ခေါ်တဲ့ သထုံမြို့ကိုရောက်လာပြီး သာသနာပြုခဲ့ကြတယ်။


ဘုရားရှင် ပရိနိဗ္ဗာန်စံပြီးလို့ နှစ်ပေါင်း(၄၅၀)နှစ်အကြာ သီဟိုဠ်ကျွန်းမှာ ပိဋကတ်သံးပုံကို ပေရွက်တွေပေါ်မှာ ရေးပြီး စတုတ္ထသံဂါယနာ တင်တော်မှုခဲ့ာကတယ်။ အဲဒီပိဋက သုံးပုံပေစာတွေကို သထုံရဟန်းတော်တွေက ကူးယူလေ့လာကြလို့ အောက်မြန်မာနိုင်ငံမှာ ထေရ၀ါဒဗုဒ္ဓဘာသာ ခိုင်ခိုင်မာမာ ထွန်းကားနေတယ်။ မြန်မာသက္ကရာဇ်(၄၁၉) ၁၁-ရာစု အေဒီမှာ အနော်ရထာ မင်းစောက သထုံမနူဟာမင်းထံက ပိဋကတ်အစုံ(၁၀)နဲ့ ပိဋကတ်ရဟန်းသံဃာတော်တွေကို ပင့်ဆောင်ပြီး တစ်နိုင်ငံလုံးမှာ ဗုဒ္ဓသာသနာတော်ပြန့်ပွားရေးကို ဆောင်ရွက်ခဲ့အတွက် မြန်မာနိုင်ငံဟာ ထိန်တန်းထေရ၀ါဒ ဗုဒ္ဓဘာသာနိုင်ငံကြီး ဖြစ်လာခဲ့တယ်။ အနော်ရထာဟာအကျယ်ဆုံး မြန်မာနိုင်ငံတော်ကြီးကို တည်ထောင်နိုင်ခဲ့သလို ထေရ၀ါဒ ဗုဒ္ဓသာသနာကိုလဲ တနိုင်ငံလုံး ပြန့်အောင် ဖြန့်နိုင်ခဲ့တယ်။ နိုင်ငံတစ်ဝန်းလုံးမှာ ကြီးမားခိုင်ခံ့တဲ့ စေတီပုထိုးတွေကို တည်ပြီး သန့်စင်မွန်မြတ်တဲံ့ ထေရ၀ါဒဗုဒ္ဓဘာသာ အုတ်မြစ်ကို အခိုင်အမာ ချထားခဲ့တယ်။

No comments:

Post a Comment