ဟိန္ဒူဘာသာအဆိုအရ အထက်ကောင်းကင်တစ်နေရာမှာ မအိုမသေဘဲ ထာဝရ အသက်ရှင်နေနိုင်တဲ့ ဗြဟ္မာကြီးတစ်ဦးရှိတယ်။ အဲဒီဗြဟ္မာကြီးက ဒီကမ္ဘာလောကကြီးနဲ့ သက်ရှိသက်မဲ့ သတ္တ၀ါတွေကို ဖန်ဆင်းထားတယ်။ သူဖန်ဆင်းထားတာဖြစ်လို့ လောကကြီးတစ်ခုလုံးကို သူအစိုးရတယ်။ ပိုင်ဆိုင်တယ်။ ဒီသက်ရှိသတ္တ၀ါတွေရဲ့ ချမ်းသာမှု၊ ဆင်းရဲမှု၊ ကောင်းမှုဆိုးမှုတွေ အားလုံးဟာ ဖန်ဆင်းရှင်နဲ့သာ ဆိုင်တယ်။
သူဖန်ဆင်းထားတဲ့ သတ္တ၀ါတွေရဲ့ ကိုယ်ခန္ဓာထဲမှာ ဆိုးလ်၊ အတ္တ၊ ၀ိဥာာဉ်လို့ခေါ်တဲ့ အသက်ရှိတယ်။
အဲဒီ အတ္တ၀ိညာဉ်ဟာလဲ ထာဝရတည်မြဲတယ်။ ရုပ်ဝတ္ထု ခန္ဓာကိုယ်ကြီးဟာ ဟောင်းမြင်း အိုမင်းသွားတဲ့ အခါ ၀ိညာဉ်ကလေးက အဲဒီခန္ဓာကြီးထဲကထွက်ပြီး အခြားနုပျိုတဲ့ ခန္ဓာကိုယ်ထဲမှာ တဖန်သွားဖြစ်တယ်။ အဲဒီ နာမ်၊ ၀ိညာဉ်ကလေးဟာ မှုလဖန်ဆင်းရှင်ဖြစ်တဲ့ ဗြဟ္မာဏကြီးနဲ့ ပြန်ပေါင်းမိနိုင်ဖို့အတွက် ဖန်ဆင်းရှင်ဗြဟ္မာကြီးကို မျှော်မှန်းပြီး ပူဇော်ပသမှု၊ ၀တ်ပြုကိုးကွယ်မှု အမျိုးမျိုးတွေကိုြ့ပုလုပ်ရတယ်။
အင်မတန် ပင်ပန်းပြင်းထန်တဲ့ အကျင့်တွေကိုလဲ ကျင့်ကြံအားထုတ်ကြရတယ်။ ဖန်ဆင်းရှင် ဗြဟ္မာကြီးရော ဖန်ဆင်းခံ သတ္တ၀ါတွေရဲ့ ၀ိညာဉ်တွေပါ အစဉ်မြဲတယ်လို့ ယူဆတဲ့အတွက် ထာဝရ၀ါဒ အတ္တ၀ါဒလို့ ခေါ်တယ်။
ဗုဒ္ဓဘာသာမှာတော့ ဂေါတမဗုဒ္ဒဟာ ဖန်ဆင်းရှင်လဲ မဟုတ်ဘူး။ သတ္တ၀ါတွေကို ဖန်ဆင်းနိုင်တဲ့ တန်ခိုးက္ကုဒ္ဓိပါဒ်လဲ မရှိဘူး။ သတ္တ၀ါတွေကို ချမ်းသာအောင် ဆင်းရဲအောင်လဲ မလုပ်နိုင်ဘူး။ ပုဂ္ဂိုလ်သတ္တ၀ါ တစ်ဦး တစ်ယောက်ရဲ့ ကောင်းမှု၊ ဆိုးမှုဟာ ဘုရားသခင်နဲ့ ဘယ်လိုမှ မပတ်သက်ဘူး။ အကောင်းနဲ့အဆိုး၊ ချမ်းသာနဲ့ဆင်းရဲဟာ တရားတော်အတိုင်းသာ ဖြစ်ရတယ်။ ကောင်းတဲ့တရား။ ချမ်းသာစေတတ်တဲ့တရားတွေကို ကြံစည် ပြောဆို လုပ်ကိုင်တဲ့ လူတွေဟာ လူကောင်း လူချမ်းသာဖြစ်ပြီး မကောင်းတဲ့ ဆင်းရဲစေတတ်တဲ့ တရားတွေကို ကြံစည်ပြောဆို လုပ်ကိုင်တဲ့လူတွေဟာ လူဆိုး၊ လူဆင်းရဲတွေ ဖြစ်မယ်။ ပုဂ္ဂိုလ် သတ္တ၀ါတိုင်းဟာ မိမိရဲ့ ဘ၀ကိုချမ်းသာအောင်၊ ဆင်းရဲအောင်၊ ကောင်းအောင်ဆိုးအောင် ဖန်တီးနေတဲ့ ဗိသုကာတွေ ဖြစ်တယ်။ တစ်ယောက်ရဲ့ အကောင်းနဲ့အဆိုး၊ ချမ်းသာနဲ့ဆင်းရဲကို ဘုရားရှင်လဲ မတတ်နိုင်ဘူး။ တခြား ပုဂ္ဂိုလ် တစ်စုံတစ်ယောက်ကလဲ မတတ်နိုင်ဘူး။ “ဘယ်သူမပြု မိမိမှု” ဆိုတဲ့ အယူအဆဟာ ဗုဒ္ဓဘာသာရဲ့ အခြေခံပင်ရင်း အယူအဆဖြစ်တယ်။
သက်ရှိသတ္တ၀ါတွေရဲ့ အသက်ဝိညာဉ်ရော ရုပ်ခန္ဓာကိုယ်တွေပါ ဘယ်ဟာမှ တည်မြဲတာမရှိဘူး။ သက်ရှိသက်မဲ့မြင်မြင်သမျှ အားလုံးဟာ ပျက်စီးကုန်ရမယ်။ ဒါကြောင့် ဗုဒ္ဓကသူရဲ့ အယူဝါဒကို အနတ္တ၀ါဒလို့ ထုတ်ဖော်ကြေငြာတယ်။ အားလုံးတည်မြဲပါတယ်။ အနှစ်သာရမရှိဘူးလို့ ကြေငြာလိုက်တာဟာ အင်မတန်ကြီးမားတဲ့ မဟာတော်လှန်ရေးကြီး ဖြစ်တယ်။
No comments:
Post a Comment