ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday, 29 July 2010

အနော်ရထာမင်းစော ထေရ၀ါဒဗုဒ္ဓဘာသာကို ဖြန့်ဖြူးပြီးတဲ့နောက်မှာ မြန်မာလူမျိုးတွေဟာ အထက်ပါ ကိုးကွယ်မှုအဟောင်းတွေကို လုံးဝ စွန့်လွှတ်ခဲ့ကြပါသလား?

အသစ်ရောက်လာတဲ့ ထေရ၀ါဒဗုဒ္ဓဘာသာဟာ ကိုးကွယ်မှုအဟောင်းတွေထက် အဘက်ဘက်က သာလွန်ပြီးဟောကြားတဲ့ တရားတော်တွေဟာ ပိဋကတ် အခိုင်အမာရှိတယ်။ ရဟန်းတော်တွေရဲ့ နေထိုင်ကျင့်ကြံမှုတွေဟာ ၀ိနည်းတော်နဲ့အညီဖြစ်တယ်။


ဒါကြောင့်လဲ မင်းနှင့်တကွပြည်သူလူထုက ထေရ၀ါ၏ ဗုဒ္ဓသာသနာအသစ်ကို အင်တိုက်အားတိုက် လှိုက်လှိုက်လှဲလှဲ ကြိုဆိုလက်ခံပြီး လေးလေး စားစား ကြည်ညိုကိုးကွယ်ကြတယ်။


ဒါပေမယ့် ဘိုးဘေးအစဉ်အဆက်က ကိုးကွယ်ဆည်းကပ်လာတဲ့ ရိုးရာနတ်ကိုးကွယ်မှု၊ ဟိန္ဒူဗြဟ္မဏအယူတွေကို အလွယ်တကူ မစွန့်လွှတ်နိုင်ကြပါဘူး။


ဒါကြောင့် ထေရ၀ါဒ ဗုဒ္ဓဘာသာ အသစ်ဟာ အဟောင်းဖြစ်တဲ့ နတ်ကိုးကွယ်မှုနဲ့ ဟိန္ဒူဗြဟ္မဏ ကိုးကွယ်မှု မဟာယာနကိုးကွယ်မှုတွေနဲ့ ယှဉ်တွဲထွန်းကားခဲ့တာဟာ ယနေ့တိုင် ဖြစ်ပါတယ်။L

No comments:

Post a Comment