သံဃံ ပူဇေမိ သံဃံ သရဏံ ဂစ္တာမိမှာ အရိယာ သံဃာ၊ ပရမတ္ထသံဃာ၊ ဒက္ခိဏေယျသံဃာ (၈)ပါးကို သံဃာအဖြစ် ပူဇော်ဆည်းကပ်ရမယ်။ ကင်္ခါဝိဘရဏီဋီကာကျမ်းပြုဆရာတော်က မလှူမီ ရှေ့အဖို့မှာဖြစ်တဲ့ လှူဒါန်းလိုတဲ့ စေတနာကို ဒါနစေတနာအဖြစ် သတ်မှတ်ရသလို မင်္ဂဖိုလ်မရသေးသော်လည်း ရအောင်အားထုတ်နေဆဲဖြစ်တဲ့ ပုထုဇဉ်သံဃာတွေကိုလဲ သံဃာအဖြစ် ပူဇော်ရမယ်။ ကိုးကွယ်ဆည်းကပ်ရမယ်လို့ ဆိုပါတယ်။ ဒီအဆိုကို မဏိမဉ္စူသာဋီကာကျမ်းပြု ဆရာတော်က ထောက်ခံတယ်။ ဆရာတော်ရဲ့ အကြောင်းပြချက်ကတော့ ကလျာဏပုထုဇဉ် ပုဂ္ဂိုလ်ကို နိဗ္ဗာန်ရောက်အောင်ကျင့်နေတဲ့ သေက္ခပုဂ္ဂိုလ်စာရင်းထဲမှာ ထည့်သွင်းရလို့ပဲလို့ အကြောင်းပြတယ်။

Thursday, 22 July 2010
သံဃံ ပူဇေမိ သံဃံ သရဏံ ဂစ္ဆာမိမှာ ဘယ်သံဃာကို ပူဇော်ဆည်းကပ်ရမလဲ ?
အမျိုးအစား/ကဏ္ဍ
ဗုဒ္ဓဆိုင်ရာ - အမေးအဖြေများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment