ဘုရားရှင်ဟာ သင်္ခါရတွေရဲ့ မမြဲတဲ့ အနိစ္စသဘော၊ အစိုးမရ မပိုင်ဆိုင်တဲ့ အနတ္တသဘောအရ ပရိနိဗ္ဗာန်စံဝင်သွားတာ မှန်ပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာမှာ သက်တော်ထင်ရှား ဘုရားမရှိတာမှန်ပါတယ်။ ဘုရားသခင်ဟာ နေ့မအား ညမအား ဟောကြားကယ်တင်ရရုံနဲ့ အားရ တင်းတိမ်တော် မမှုသေးတဲ့ အတွက် ပရိနိဗ္ဗာန်စံပြီးတဲ့နောက် လူ၊ နတ်၊ ဗြဟ္မာတွေ ပူဇော်ကိုးကွယ်ဖို့ သူရဲ့ ကိုယ်စား(၁) ဓာတုစေတီ၊ (၂) ဓမ္မစေတီ၊ (၃)ဥဒ္ဒိဿစေတီ၊ (၄) ပရိဘောဂတေီဆိုပြီး ပူဇော်စရာ (၄)မျိုး စေတီလေးမျိုးကို ထားခဲ့ပါတယ်။
ဒီစေတီလေးမျိုးစလုံးပဲ ဖြစ်ဖြစ်၊ (၄) မျိုးထဲက တစ်မျိုးပဲဖြစ်ဖြစ် ရှိနေသေရင် သက်တော်ထင်ရှား ဘုရားရှိတယ်လို့ ဆိုနိုင်ပါတယ်။ ထေရ၀ါဒ ဗုဒ္ဓဘာသာ နိုင်ငံတေါမှာ ဒီ စေတီ(၄)မျိုး အထင်အရှားရှိနေတဲ့အတွက် ဘုရား ပရိနိဗ္ဗာန်စံသွားပေမယ့် ဘုရားမရှိဘူးလို့ မပြောနိုင်ပါဘူး။ ဒီစေတီတစ်မျိုးမျိုးရှိနေသရွေ့ သက်တော်ထင်ရှား ဘုရားရှိနေတတ်လို့ပဲ ဆိုရပါမယ်။
No comments:
Post a Comment