ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 21 July 2010

ဘယ်လိုရှိခိုးတာကို ကာယကံနဲ့ ရှိခိုးတယ်လို့ ခေါ်ပါသလဲ?

လှူဒါန်း အရိုအသေပြုတာ တရားတော်အတိုင်း ကျင့်တာကို ပူဇော်တယ်လို့ ခေါ်တယ်။


ပူဇော်မှုဟာ….

(၁) ပစ္စည်းဝတ္ထုနဲ့ ပူဇော်ခြင်း အာမိသပူဇာနဲ့ဆိုပြီး နှစ်မျိုးရှိတယ်။

(၂) တရားတော်နဲ့ ပူဇော်ခြင်း ဓမ္မပူဇာနဲ့ဆိုပြီး နှစ်မျိုးရှိတယ်။


ပန်း၊ ဆီမီး၊ အမွှေးတိုင်၊ ဆွမ်း၊ သင်္ကန်းတစ်ခုခုလှူဒါန်းပူဇော်တာ အာမိသပူဇာ=ပစ္စည်း ၀တ္တုနဲ့ ပူဇော်တယ်လို့ခေါ်တယ်။


တရားနဲ့ ပူဇော်ခြင်းဆိုတာက မြတ်စွာဘုရား ဟောထားခဲ့တဲ့ တရားတော်တွေအတိုင်း လက်တွေ့ ကျင့်ကြံ အားထုတ်တာကို မြတ်စွာဘုရားကို တရားနဲ့ ပူဇော်တယ်လို့ ခေါ်တယ်။ မိဘဆရာသမားတွေ ပြောစကားကို နားထောင်ပြီး ဆိုဆုံးမတဲ့အတိုင်း လိုက်နာ ကျင့်သုံး ကျင့်ကြံတာ။ မိဘဆရာသမားတွေကို စိတ်ချမ်းသာအောင် လုပ်ကိုင်ဆောင်ရွက်တာကိုလဲ မိဘဆရာသမားတွေကို တရားနဲ့ ပူဇော်တယ်လို့ မှတ်သားနိုင်တယ်။


အဲဒီအခါမှာ မြတ်စွာဘုရားက ညီတော်အာနန္ဒာ၊ ယခု လူ နတ် ဗြဟ္မာတွေဟာ ငါဘုရားကို အမျိုးမျိုးပူဇော် ပ၊ သ နေကြတယ်။ ဤသို့ပူဇော်ခြင်းဖြင့် ငါဘုရားကို ရိုသေလေးမြတ်သည်၊ မြတ်နှိုးသည်၊ ပူဇော်ချီးမြှင့်သည်၊ ဆည်းကပ်သည် မမည်သေး။ ငါဘုရားဟောတော်မှုအပ်တဲ့ တရားတည်းဟူသော အဆုံးအမကို လိုက်နာကျင့်ကြံလျက်နေသော သူသည်သာလျှင် ငါဘုရားကို ရိုသေမြတ်နှိုးစွာ ပူဇော်သည် ပူဇော်ခဲ့တဲ့ အာမိသပူဇာကိုလဲ ပူဇော်ကြပါ။ ဘုရားအကြိုက်ဆုံး ဓမ္မပူဇာဖြင့် ပူဇော်နိုင်အောင်လဲ သတိပြုကြပါ။


No comments:

Post a Comment