ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 21 July 2010

ရတနာသုံးပါးကို ရှိခိုးကန်တော့တာ ခွင့်တောင်းဖို့ လိုသေးသလား?

လိုပါတယ်။ ကန်တော့တယ်ဆိုတာက ကိုယ်ကပြစ်မှားမိလို့ ကိုယ်ပေါ်မှာ ကျရောက်နေတဲ့ အပြစ်တွေကိုပပျောက်ဖို့ ၀န်ချကန်တော့ခြင်းဖြစ်တယ်။ ဒါကြောင့် ကန်တော့ခံတဲ့ ပုဂ္ဂိုလ်က ကျေနပ်ခွင့်လွှတ်သည်းခံချင်အောင် ကန်တော့ခွင့် တောင်းရခြင်း ဖြစ်တယ်။


ဒီသြကာသ သြကာသ ကန်တော့ပါရစေ၊ ကန်တော့ခွင့်ပြုပါဆိုတဲ့ ခွင်တောင်းခြင်းကို ရှေ့ဆုံးက ထားတာကို ထောက်ပြီး ဒီသြကာသဆိုရိုးဟာ ကန်တော့ခန်းဖြစ်တယ်။ ဘုရားရှိခိုးရိုးရိုး မဟုတ်ဘူးလို့ ရှေ့မှာဖော်ပြခဲ့ခြင်း ဖြစ်ပါတယ်။


အကယ်၍သာ ရတနာသုံးပါးကို ရိုသေလေးစားလို့ ရှိခိုးမှု သက်သက်ဆိုရင် သြကာသ နိဒါန်းပျိုးပြီး ကန်တော့ခွင့် တောင်းစရာမလိုဘူး။ အခုတော့ ကန်တော့ခန်းဖြစ်တဲ့အတွက် သြကာသ၊ သြကာသ၊ သြကာသလို့ ကန်တော့ခွင့် တောင်းနေရခြင်း ဖြစ်တယ်။ ပိဋကတ်တွေထဲမှာလဲ ခွင့်တောင်းပြီးတော့မှ ရှီခိုးတာ မတွေ့ရပါဘူး။ ဒါကြောင့်မှုလ သြကာသဟာ ကန်တော့ခန်းလို့ မှတ်ယူကြရပါမယ်။

No comments:

Post a Comment