ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 21 July 2010

ဗုဒ္ဓဘာသာတွေ နေ့စဉ်ပြုလုပ်နိုင်တဲ့ ဓမ္မပူဇ်ာလုပ်ငန်းတွေဟာ ဘာလဲ?

ဘုရားဂုဏ်တော် ၉-ပါး၊ တရားဂုဏ်တော် ၆-ပါး၊ သံဃာ့ဂုဏ်တော် ၉-ပါးကို ရွတ်ဆိုပြီး ဘုရားရှိခိုးတာ၊ ဂုဏ်တော်ပုတီးစိတ်တာ၊ အလုပ်ခွင်ထဲမှာ ရတနာသုံးပါးရဲ့ ဂုဏ်တွေကို စိတ်ထဲမှာ အောက်မေ့ ပွားများနေတာ၊ ဗုဒ္ဓာနူဿတိ၊ ဓမ္မာနူဿတိ၊ သံဃာနူဿတိ ဆိုတဲ့ အနူဿတိသုံးပါး ဖြစ်တယ်။ သတ္တ၀ါတွေကို မေတ္တာပို့ခြင်း၊ ဆင်းရဲဒုက္ခ ရောက်နေသူကို ကိုယ်ချင်းစာ သနားခြင်း၊ ချမ်းသာနေသူ တွေကို တွေ့မြင်ရလို့ ၀မ်းမြောက် ကြည်နှုးခြင်းဟာ ဗြဟ္မစိုရ်တရား(၃)ပါး ဖြစ်တယ်။ ဒီအနူဿတိသုံးပါးနဲ့ ဗြဟ္မစိုရ်တရား (၃)ပါးဟာ သမထကမ္မဌာန်း၊ ၄၀-ထဲမှာ ပုဂ္ဂိုလ်မရွေး၊ နေရာမရွေး၊ အချိန်မရွေး၊ ပွားများနိုင်တဲ့ ဓမ္မပူဇာ လုပ်ငန်းတွေ ဖြစ်ပါတယ်။

No comments:

Post a Comment