အရာရာကို ဝေဖန် ဆန်းစစ်ပြီးမှ လက်ခံတဲ့ခေတ်မှာ ဒီမေးခွန်းကို လူတိုင်းသိချင်ကြမယ်ထင်တယ်။ အမှန်မှာတော့ ရတနာသုံးပါးကို ပြစ်မှားမိလို့ ကန်တော့တာမဟုတ်ဘူး။ အိမ်ထောင်စုတစ်ခုအတွင်း အလုပ်ဌာန ကျောင်းတွေနဲ့ ရပ်ကွက်မြို့ရွာ လူ့အဖွဲ့အစည်းတစ်ရပ်တွင်းမှာ သိသိထင်ထင်ဖြစ်ဖြစ်၊ မသိမသာဖြစ်ဖြစ် ပြစ်မှားကျူးလွန်မှုတွေကို ပြုလုပ်မိတတ်ကြပါတယ်။ အဲဒီသားသမီးနဲ့မိဘ ဆရာနဲ့တပည့် ညီအစ်ကိုမောင်နှမ လုပ်ဖော်ကိုင်ဖက်အချင်းချင်း ပစ်မှားမိတဲ့ အပြစ်တွေပျောက်ဖို့ ပြစ်မှားခံရတဲ့ ပုဂ္ဂိုလ်ကိုယ်စား ဗုဒ္ဓဘာသာတွေရဲ့ အမြတ်ဆုံးအလေးစားအပ်ဆုံးဖြစ်တဲ့ ရတနာသုံးပါးကို ကန်တော့ရခြင်း ဖြစ်တယ်။
ဒါကြောင့် ရတနာသုံးပါးကို မပြစ်မှားပေမယ့် ကန်တော့တာဟာ အပိုအဟုတ်ပါဘူး။ ပြစ်မှားခံရတဲ့လူ မရှိတော့တဲ့အခါ ဘယ်တုန်းက ဘယ်သူ့ကို ပြစ်မှားမိတယ်လို့ မသိတဲ့အခါ လေးစားအပ်တဲ့ ပုဂ္ဂိုလ် တစ်ယောက်ယောက်၊ ဒါမှမဟုတ် ရတနာသုံးပါးကို ကန်တော့ရမယ်လို့ ရှေ့မှာလဲ ညွှန်ကြားဖော်ပြထားခဲ့ပါတယ်။
ဒါကြောင့် ရတနာသုံးပါးကို ကန်တော့တာဟာ မမှားပါဘူး။

Wednesday, 21 July 2010
ဗုဒ္ဓဘာသာတွေဟာ ရတနာသုံးပါးကို ပြစ်မှာတဲ့သူ မရှိပါဘူး။ ဒါကြောင့် ရတနာသုံပါးကို ကန်တော့တာဟာ အပို ဖြစ်မနေဘူးလားး?
အမျိုးအစား/ကဏ္ဍ
ဗုဒ္ဓဆိုင်ရာ - အမေးအဖြေများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment