ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday, 11 February 2012

စကားပြောခြင်း

နောက်ရန်သူတစ်ဦးကတော့ ယောဂီတွေ စကားမပြောကြဖို့ လုံးဝဆိတ်ဆိတ်နေဖို့ မှာထားပါတယ်။ ဒီကမ္မဋ္ဌာန်းနည်းမှာ ၀စီပိတ် လုံးဝစကားမပြောဘဲ ဆိတ်ဆိတ်နေမူဟာ အင်မတန် အရေးကြီးပါတယ်။ ယောဂီတွေ စိတ်ကို ခွဲစိတ်မူလုပ်တဲ့အခါမှာ စိတ်တွေလူပ်ရှားမူတွေ များလေလေ၊ စိတ်ကစားလေလေ တောတွေးတောင်တွေး စိတ်ကူးယဉ်မူတွေများ လေလေ စိတ်ရဲ့အတွင်း နက်ရိုင်းတဲ့အပိုင်းကို မရောက်နိုင်လေလေ ဖြစ်ပါတယ်။


ဒါအတွက်ကြောင့် စိတ်ရဲ့ငြိမ်သက်မူဟာ အင်မတန် အရေးကြီးပါတယ်။ စိတ်ကို ငြိမ်သက်အောင်၊ တိတ်ဆိတ်အောင် လုပ်ရပါလိမ့်မယ်။ ယောဂီက တစ်ဦးတစ်ယောက်နဲ့ စကားပြောလိုက်ရင် စကားပြောပြီးတဲ့နောက် တရားထိုင်တဲ့အချိန်မှာ ဒီစကားပြောတာနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေ ယောဂီရဲ့ စိတ်ထဲမှာ ပေါ်ပေါက်နေပါလိမ့်မယ်။ ဒီစကားပြောတာနဲ့ ဘယ်လိုမှ မသက်ဆိုင်တဲ့ အခြားအရာတွေဟာလဲ ပေါ်ပေါက်လာတတ်ပါတယ်။

အခု ကနေ့ ကမ္မဋ္ဌာန်းအလုပ် လုပ်ပြီးရင် ယောဂီတို့က သတိထားမိကြပါပြီ၊ “မိမိတို့ရဲ့စိတ်ဟာ ဘယ်လောက်ကစားနေသလဲ၊ လေလွင့်နေသလဲဆိုတာ”။ တစ်ချိန်လုံးပဲ မနားမနေ အဆက်မပြတ် စိတ်ကူးယဉ်ပြီး လေလွင့်နေတာပါပဲ။ တခြား ယောဂီတစ်ဦးဦးနဲ့ စကားပြောပြီဆိုရင် စိတ်ကပိုပြီး လူပ်ရှားလာပါတယ်။ ဒါကြောင့် အချင်းချင်း စကားမပြောကြပါနဲ့၊ အချင်းချင်းစကားပြောလိုက်ရင် ယောဂီဟာ မိမိကိုယ်ကိုသာ အန္တရာယ်ပြုတာ မဟုတ်ပါဘူး။ သူတစ်ပါးကိုလည်း အနှောက်အယှက်ပြုရာ ရောက်ပါတယ်။ စကားပြောတယ်ဆိုတာ ကိုယ်တစ်သီးတည်း လေထဲစကားပြောလို့ ရတာမှ မဟုတ်ဘဲ။ ထရံနဲ့လည်း စကားပြောလို့ရတာမျိုးမှ မဟုတ်ဘဲ။ တခြား ပုဂ္ဂိုလ်တစ်ဦးဦး၊ ဒီမှာဆိုတော့ တခြားယောဂီတစ်ဦးဦးနဲ့သာ ပြောလို့ ရမှာဖြစ်ပါတယ်။ ဒီတော့ကိုယ်စကားပြောလိုက်တဲ့ အဲဒီယောဂီကိုလည်း သူ့ရဲ့စိတ်ကို လေလွင့်စေမူ စိတ်လူပ်ရှားစေမူ ဖန်တီးပေးလိုက်ခြင်းသာ ဖြစ်ပါတယ်။ ဒီတော့ အဲဒီယောဂီဟာ ကောင်းကောင်း တရားထိုင်လို့ မရတော့ပါဘူး။ တခြားပုဂ္ဂိုလ်တစ်ဦးကို အနှောင့်အယှက်ပြုလိုက်တာပါပဲ။ အန္တရာယ်ပြုလိုက်တာပါပဲ။

နောက်တစ်ခုကလည်း ယောဂီနှစ်ဦးတို့ စကားပြောကြရင် တခြားကြိုးကြိုးစားစား လေးလေးနက်နက်နဲ့ အလုပ်လုပ်နေတဲ့ ယောဂီတွေကိုလည်း နှောင့်ယှက်ရာ ဖြစ်ပါတယ်။ စကားမပြောကြဖို့ ဆိတ်ဆိတ်နေဖို့ အင်မတန့် အင်မတန်ကို အရေးကြီးပါတယ်။ လုံးဝ စကားမပြောကြပါနဲ့။ လုံးဝဆိတ်ဆိတ်နေကြပါ။ တရားကျင့်နည်းနဲ့ ပတ်သက်လို့ မရှင်းလင်းတာတွေရှိရင် ဆရာနဲ့လာတွေ့ပြီး မေးမြန်းကြပါ၊ ဆွေးနွေးပါ။ နေထိုင်စားသောက်ရေးနဲ့ ပတ်သက်တဲ့ ကိစ္စကြီးငယ်ရှိရင်လည်း အမျိုးသား တရားပတ်မှူး၊ အမျိုးသမီးတရားပတ်မှူးတို့ကိုမေးပါ။ ယောဂီတွေအချင်းချင်းတော့ လုံးဝစကား မပြောကြပါနဲ့။ ၀စီပိတ်ပြီး နူတ်ထိန်းသိမ်းထားကြပါ။

ဆိတ်ဆိတ်နေတဲ့ကိစ္စမှာ နူတ်တင်မဟုတ်ပါဘူး။ ကိုယ်ခန္ဓာလည်း ဆိတ်ဆိတ်နေပါ။ ကိုယ်ခန္ဓာအဆင့်နဲ့လည်း တစ်ဦးနဲ့တစ်ဦး အဆက်သွယ်မပြုကြပါနဲ့။ မျက်လုံးနဲ့ စကားပြောတာတို့၊ စာရေးစာဖတ်တာတို့လည်း မလုပ်ကြပါနဲ့။ မိမိရဲ့ စိတ်၊ မိမိရဲ့ နူတ်ကို၊ မိမိကိုယ်မှာသာ လုံးဝ ကန့်သတ်ပြီး ထားကြပါ။ ဒီနေရာမှာ လူတွေအများကြီး ရှိနေပေမယ်လို့ တစ်ဦးတစ်ယောက်တည်း ဘယ်သူမှ မရှိသလို၊ မိမိတစ်ဦးတည်းပဲ နေသလို နေပါ။ ယောဂီတစ်ဦးနဲ့တစ်ဦး ဘယ်လိုဆက်သွယ်မူပဲလုပ်လုပ် မိမိအတွက်ရော သူတစ်ပါး အတွက်ရော နှောင့်ယှက်မူ မဖြစ်ပါစေနဲ့။ မဟုတ်လို့ရှိရင် မိမိအတွက်ရော သူတစ်ပါးတွက်ရော အန္တရာယ်ဖြစ်စေတယ် ဆိုတာကို အမြဲသတိရှိပါ။

ဒီလိုပထမ (၉)ရက်မှာ ၀စီပိတ် ဆိတ်ဆိတ်နေရန် တင်းတင်းကြပ်ကြပ်ခိုင်းရတဲ့အကြောင်း နောက်တစ်ခုလည်း ရှိပါသေးတယ်။ ယောဂီတို့ မနေ့က ရှစ်ပါးသီလ ခံယူခဲ့ကြပါတယ်။ ဒါဟာ လုပ်ရိုး လုပ်စဉ် ထုံးတမ်းစဉ်လာများသာ မဟုတ်ပါဘူး။ ငါးပါးသီလဟာ ကမ္မဋ္ဌာန်းနည်းရဲ့ အခြေခံ အုတ်မြစ်ဖြစ်ပါတယ်။ မနက် ၄-နာရီ ၄-နာရီခွဲကနေ ည ၉-နာရီ ၉-နာရီခွဲအထိ အင်မတန်ကြပ်တည်းတဲ့ အစီအစဉ်တွေကြောင့် ယောဂီတို့ဟာ သီလတွေကို ချိုးဖောက်ဖို့ အခွင့်အရေး မရကြပါဘူး။

ဒါပေမဲ့ ယောဂီတွေအချင်းချင်း တစ်ဦးနဲ့တစ်ဦး စကားပြောကြတဲ့အခါမှာ အမှန်မထင်ဘဲ မပြောသင့်တဲ့စကားကို ပြောမိတာလဲ ရှိချင်ရှိနေမယ်။ စကားကားသွားတာလည်း ရှိချင်ရှိနေမယ်။ မဟုတ်ရင်လည်း ချန်လှပ်ထားခဲ့တာတွေလည်း ရှိချင်ရှိမယ်။ ဒီလိုနဲ့ သီလတစ်ပါး ကျိုးသွားနိုင်ပါတယ်။ သီလဟာ တစ်ပါးကျိုးရင်တောင်မှ အခြေခံအုတ်မြစ်က မခိုင်တော့ဘဲ တုန်လူပ်စပြုလာပြီးတော့ ဖြစ်သင့် ဖြစ်ထိုက်တဲ့ သမာဓိအမှန်မဖြစ်နိုင်တော့ ရသင့်ရထိုက်တဲ့ ပညာအမှန်ကလည်း မရနိုင်တော့ပါဘူး။ ကြီးမားလှတဲ့ ရန်သူကြီး တစ်ဦးက ယောဂီရဲ့ ရှေ့တက်ရမယ့်လမ်းစဉ်ကို ပိတ်ဆို့လိုက်တာပါပဲ။

ဒါကြောင့် ပထမ (၉)ရက်မှာ လုံးဝစကားမပြောကြပါနဲ့၊ လုံးဝ ၀စီပိတ် ဆိတ်ဆိတ်နေကြပါ။ ဒါဟာ ယောဂီတို့အတွက် အင်မတန် အကူအညီ အထောက်အပံ့ ဖြစ်စေပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment