ဒီကမ္မဋ္ဌာန်းနည်းရဲ့ မျှော်မှန်းချက်က ဘာလဲ၊ အဆုံးပန်းတိုင်က ဘာလဲဆိုတာကို နားလည်ဖို့ရာ လိုပါတယ်။ အဆုံးသတ် ရည်မှန်းချက်ပန်းတိုင်ဟာ စိတ်အာရုံစိုက်ဖို့၊ စိတ်အာရုံ ထိန်းသိမ်းဖို့၊ သမာဓိထူထောင်ဖို့ သက်သက်ပဲဆိုရင်တော့ ဂါထာ၊ မန္တရားတို့အမည် နာမတို့ကို ရွတ်ဆိုနိုင်ပါတယ်။ ရုပ်အာရုံတစ်ခုခုကို စိတ်ကူးနိုင်ပါတယ်။
ဒါပေမယ့် ကမ္မဋ္ဌာန်းနည်းကတော့ သမာဓိထူထောင်ဖို့ ပန်းတိုင်ရည်မှန်းချက် မဟုတ်ပါဘူး။ သမာဓိထူထောင်တာဟာ ကောင်းပါတယ်။ ဒါပေမဲ့ သမာဓိက အဆုံးသတ် ပန်းတိုင် ရောက်ဖို့ရာမှာ အထောက်အပံ့မျှသာ ဖြစ်ပါတယ်။ အဆုံးသတ်ပန်းတိုင်ရဲ့ ရည်မှန်းချက်ကတော့ စိတ်ရဲ့ ဖြူစင်သန့်ရှင်းခြင်း ဖြစ်ပါတယ်။ လူတွေကို စိတ်ညစ်အောင်၊ စိတ်ဆင်းရဲအောင် ဖန်တီးပေးတဲ့ အကုသိုလ်တွေ ကိလေသာအညစ်အကြေးတွေအားလုံး ဖယ်ရှားကင်းစင်စေဖို့ရာ ဖြစ်ပါတယ်။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။
No comments:
Post a Comment