ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 8 February 2012

ထိမူကိုသိ၊ ဖြစ်ပျက်မူကို ခံစား

ဒီညနဲ့ မနက်ဖြန်အတွက်တော့ ယောဂီတို့ဟာ ၀င်လေ၀င်လာစဉ်အခါ ထွက်လေ ထွက်သွားစဉ်အခါ ထိထိသွားတဲ့ အထိကလေးကို သိနေကြဖို့ပါပဲ။ ဒီအထိကလေးဟာ နှာခေါင်းအတွင်း နံရံတစ်နေရာမှာပဲ ဖြစ်ဖြစ်၊ နှာဝအ၀ိုင်းတစ်နေရာမှာပဲ ဖြစ်ဖြစ် တွေ့ထိခံစားနိုင်ပါတယ်။




ဒီသတ်မှတ်ထားတဲ့ နေရာထဲမှာ ဘယ်နေရာမှာပဲဖြစ်ဖြစ် ထိမူကလေးကို ခံစားနိုင်ပါတယ်။ ဒီထိမူကလေးဟာ အစဉ်အမြဲရှိနေတာပါပဲ။ ဒါပေမယ့် ယောဂီရဲ့ အာရုံက မခံစားနိုင်သေးလို့ မတွေ့နိုင်သေးတာပါ။

အခုတစ်ရက်အလုပ်ပြီးပါပြီ။ နောက်တစ်ညနဲ့ မနက်ဖြန် တစ်နေ့လုံးဆက်ပြီး တရားအလုပ်လုပ်ကြတဲ့အခါမှာ ယေဂီဟာ ၀င်လေ၀င်လာစဉ်အခါ ထွက်လေ ထွက်သွားစဉ်အခါ ထိတွေ့မူ ကလေးသိမ်မွေ့တဲ့ တကယ်ဖြစ်ပျက်နေတာလေးကို ကိုယ်တွေ့ခံစားရပါလိမ့်မယ်။ ဒါပြီးတဲ့နောက် မနက်ဖြန်ညနဲ့ သဘက်ခါမှာ ဒီထက်ပိုပိုပြီး သိမ်မွေ့တဲ့ အမှန်ဖြစ်ပျက်နေပုံကို ဒီသတ်မှတ်ထားတဲ့ သုံးထောင့် နေရာလေးမှာပဲ ခံစားတွေ့ထိရပါလိမ့်မယ်။

ဝင်သက်ထွက်သက်သည် ရုပ်ပိုင်း စိတ်ပိုင်းနှင့် ဆက်သွယ်နေပါတယ်။ ဒီလိုနဲ့ပဲ နေ့တိုင်း တိုးတိုးပြီး ကြမ်းတမ်းကနေသိမ်မွေ့၊ ဒီထက်ပိုပြီးသိမ်မွေ့ပြီး ခန္ဓာကိုယ်ရုပ်ပိုင်းရဲ့ အသိမ်မွေ့ဆုံးကို ထိတွေ့ခံစားရပါလိမ့်မယ်။ ဒီအတိုင်းပါပဲ၊ စိတ်ရဲ့ အသိမ်မွေ့ဆုံးအပိုင်းကိုလည်း တွေ့ထိခံစားနိုင်ကြ ပါလိမ့်မယ်။ ၀င်သက်ထွက်သက်ကို ရူမှတ်နေစဉ်မှာ ယောဂီတို့ဟာ ခန္ဓာကိုယ်ပိုင်းကိုသာ မဟုတ်ပဲ စိတ်ရဲ့ အမှန်တရားကိုပါ စူးစမ်းနေပါတယ်။ ၀င်သက်ထွက်သက်ဟာ ရုပ်ပိုင်းနဲ့စိတ်ပိုင်း နှစ်ပိုင်းစလုံးနဲ့ သက်ဆိုင်ဆက်သွယ်နေပါတယ်။ အသက်ရှူတာဟာ ခန္ဓာကိုယ်ရုပ်ပိုင်းနဲ့သာ သက်ဆိုင်တယ်လို့ ထင်နေကြပေမယ့်လို့ ၀င်သက်ထွက်သက်ဟာ စိတ်ပိုင်းနဲ့လည်း အများကြီးသက်ဆိုင်ပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment