ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday, 5 February 2012

ပထမနေ့ ဓမ္မဒေဿနာ

နည်းမှန်ကို နားလည်ဖို့လို
ဆယ်ရက်တရားပတ်မှာ ပထမ ၁ရက်တော့ ကုန်ဆုံးသွားပါပြီ တရားထိုင်ကြတဲ့ ယောဂီများဟာ အင်မတန် ကြိုးကြိုးစားစား အင်အားစိုက်ပြီး၊ လေးလေးနက်နက် အလုပ်လုပ် ကြရပါတယ်၊ တရားထိုင်တာဟာ အတော်ပင်ပန်းတဲ့ အလုပ်ပါပဲ။


မနက် ၄-နာရီ၊ ၄-နာရီခွဲကနေ ညနေ ၉-နာရီ၊ ၉-နာရီခွဲအထိ အလုပ်လုပ်ကြရပါတယ်။ ဒီတော့မှလည်း ဒီကမ္မဋ္ဌာန်းနည်းနဲ့ တရားထိုင်ရတဲ့အကျိုးကျေးဇူးတွေကို ကိုယ်မျှော်မှန်းသလို ခံစားနိုင်ကြပါလိမ့်မည်။ ညနေတိုင်း ၁-နာရီ ကျော်ကျော်လောက် တရားဒေသနာ ဟောပြောမူများ ရှိပါတယ်။


ဒီဓမ္မဒေသနာက ၀ိပဿနာအသိဉာဏ် တိုးတက်မူအတွက် ဟောပြောတာမဟုတ်ပါဘူး။ ကမ္မဋ္ဌာန်းရူနည်းကို ရှင်းလင်းပြသခြင်းပဲ ဖြစ်ပါတယ်။ ကြိုးစားပမ်းစားနဲ့ တရားထိုင်ကြတဲ့အခါမှာ နည်းမှန် လမ်းမှန်ကျဖို့ရာ လိုပါတယ်။ ဒီတော့မှလဲ အကျိုးကျေးဇူးတွေကို ခံစားနိုင်ပါလိမ့်မယ်။ နည်းမှန်လမ်းမှန်ကို ကျင့်ဖို့ရာမှာလည်း နည်းအမှန်ကို ကောင်းကောင်း နားလည်ဖို့ လိုပါတယ်။


ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment