ကမ္မဋ္ဌာန်း၊ ထိုင်တဲ့နည်းတွေကတော့ အမျိုးမျိုးပါပဲ။ နည်းတိုင်း နည်းတိုင်းမှာလည်း သူ့ရဲ့ ထူးခြားချက်တွေ ရှိပါတယ်။ အခုယောဂီတို့ ကျင့်မယ့် ဒီနည်းမှာလည်း သူ့ရဲ့ထူးခြားချက်တွေရှိပါတယ်။ ဒါတွေကို သိနားလည်ဖို့ အခုလိုညနေပိုင်းမှာ ဓမ္မဒေသနာတွေကို ဟောပြောရခြင်းဖြစ်ပါတယ်။
ဒီလိုကျင့်နေတာဟာ အသက်ရှူလေ့ကျင့်ခန်း ကျင့်နေတာ မဟုတ်ပါဘူး။ အသက်ရှူတာကို ထိန်းသိမ်းပေးဖို့လဲ မဟုတ်ပါဘူး။ ရူရုံမျှသာ ရူနေပြီး အသက်ရှူတာဟာ ပြင်းရင်ပြင်းတယ်။ ပေါ့ပါးရင် ပေါ့ပါးတယ်။ “လေဟာ ညာဘက် နှာခေါင်းပေါက်က ၀င်ထွက်နေတယ်၊ ဘယ်ဘက်နှာခေါင်းပေါက်က ၀င်ထွက်နေတယ်၊ တစ်ခါ တလေလဲ နှာခေါင်းပေါက် နှစ်ပေါက်စလုံးကိ ၀င်ထွက်နေတယ်” အစရှိလို့ သူ့သဘာဝအတိုင်း အဟုတ်တကယ် ဖြစ်ပျက်နေတာကိုသိပြီး မှတ်နေဖို့ပါပဲ။ သူ့ သဘာဝအလျောက် ဖြစ်ပျက်နေတဲ့ အသက်ရှူမူကို ဘယ်လိုမှ ၀င်ရောက်နှောက်ယှက်ခြင်း မပြုရပါဘူး။
တချို့ယောဂီအသစ်တွေအတွက်တော့ သဘာဝ ၀င်သက်ထွက်သက်က တစ်ခါတလေမှာ အင်မတန် နူးညံ့ သိမ်မွေ့လွန်းတော့ ဒီဝင်သက်ထွက်သက်ကို ခံစားလို့မရ နိုင်ပါဘူး၊ မှတ်လို့မရနိုင်ပါဘူး ဆိုရင်တော့ အသက်ရှူတာကို နည်းနည်းကလေးပိုပြီး ပြင်းပြင်းလေး ရှူပေးလိုက်ပြီးရင် သူ့နဂိုသဘာဝအတိုင်း သာသာကလေးသိမ်မွေ့စွာပြန်ပြီး အသက်ရှူပေးပါ။ ဒီပြင် ဘာမှမပါဝင်ဘဲ ၀င်သက်ထွက်သက် တစ်ခုတည်းကိုသာ ရူမှတ်နေပါ။ ပါးစပ်ကလည်း ဘာကိုမှ မရွတ်မဖတ်ရပါဘူး။ စိတ်ကူးနဲ့လည်း ဘာကိုမှ ကြည့်မနေရပါဘူး။ ၀င်သက် ထွက်သက်မျှသာပါပဲ။ ပြီးတော့ ဖြစ်ပေါ်လာတဲ့ နာကျင်ကိုက်ခဲမူတွေကို ရင်ဆိုင်ခိုင်းပါတယ်။ ဒါဟာ ယောဂီတွေအတွက် အင်မတန် အကျိုးကျေးဇူးရှိပါတယ်။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။
No comments:
Post a Comment