ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 10 February 2012

ဘ၀နေထိုင်နည်း

ဒီကမ္မဋ္ဌာန်းနည်းကတော့ ဘ၀နေနည်းပါပဲ။ ယောဂီတွေ အခုကစပြီးတော့ စိတ်အာရုံကို ပစ္စုပ္ပန်တည့်တည့်မှာ ထားကြပါ။ ဘ၀ကို ပစ္စုပ္ပန်ထဲမှာ ဘယ်လိုအသက်ရှင် ရမယ်ဆိုတဲ့နည်းကို စပြီး သင်တန်းတက်နေကြတာပါပဲ။ ခုချိန်ထိ ပစ္စုပန်တည့်တည့်မှာ တကယ်ဖြစ်ပျက်နေတာကတော့ ၀င်သက် ထွက်သက်ပါ။




ဝင်သက် ၀င်သွားတာ၊ ထွက်သက် ထွက်သွားတာကို အခုအသက်ရှူသွင်းလိုက်တယ်၊ အခုအသက်ရှူထုတ်လိုက်တယ်လို့ အာရုံပြုနေဖို့ပါပဲ။

ဒါပေမယ့် စိတ်က ဒီလိုမနေချင်ပါဘူး။ တစ်ခါ နှစ်ခါ လောက်ပဲ ၀င်သက်ထွက်သက်ကို ရူမှတ်နေပြီး နောက်တစ်ခါပြန်ပြီး အတိတ်ထဲပြေးလိုက်၊ အနာဂတ်ထဲပြေးလိုက်နဲ့ လူပ်ရှားပျံ့လွင့်နေပါတယ်။ ဒီလိုလုပ်တတ်တဲ့စိတ်အာရုံရဲ့ဝသီ အကျင့်ကိုယောဂီတို့က စိတ်ရှည်ရှည်နဲ့ ပြောင်းလဲပေးရလိမ့်မယ်၊ ပစ္စုပ္ပန်ထဲမှာနေဖို့၊ ပစ္စုပ္ပန်တည့်တည့်မှာ တကယ်ဖြစ်ပျက်နေတဲ့အတိုင်းကို ရူမှတ်နေဖို့ပါပဲ။

နောက်စိတ်အာရုံနဲ့ ပတ်သက်တဲ့ အမှန်တရားတစ်ခုကိုလည်း ယောဂီတို့ထင်ရှား သိရှိလာကြပါလိမ့်မယ်။ အဲဒါက ဘာလဲဆိုတော့ “စိတ်ရဲ့အမျိုးအစား ဘယ်လိုအာရုံတွေကို စိတ်က သယ်ဆောင်နေပါသလဲ”ဆိုတာ ဖြစ်ပါတယ်။ မကြာခဏလဲ စိတ်ထဲမှာ အာရုံတစ်ခု တစ်ခုပေါ်လာတတ်ပါတယ်။ ဒီအာရုံဟာ အတိတ်နဲ့ပတ်သက်တာပဲ ဖြစ်ဖြစ်၊ အနာဂတ်နှင့် ပတ်သက်တာပဲဖြစ်ဖြစ် ပေါ်လာပြီးလို့ ဒီအာရုံမှာ မပြီးဆုံးသေးခင်ဘဲ၊ စကားတစ်ခွန်း စာတစ်ကြောင်းမှ ဒီအာရုံမှာ မပြီးဆုံးသေးခင်ဘဲ၊ စိတ်ထဲမှာ တခြားအာရုံတစ်ခုပေါ်လာ ပြန်ပါတယ်။ ဒါမပြီးဆုံးသေးခင် ဒါမကုန်သေးခင် နောက်တစ်ခါ နောက်အာရုံအသစ်တစ်ခုက ပေါ်လာပြန်ပါတယ်။

ဒီလိုနဲ့ အာရုံတွေဟာ တစ်ခုပြီးတစ်ခု ဘယ်လိုမှ အစီအစဉ်မရှိ၊ အမြီးအမောက် မတည့်ပါဘူး။ အဆက်အစပ်လည်း မရှိပါဘူး။ ဒီလိုပရမ်းပတာ စိတ်ကူးပေါက်နေတာတွေဟာ စိတ်ရူးပေါက်တာ သက်သက်ပါပဲ။ ဒီလိုလူကို အရူး၊ စိတ်မနှံ့သူလို့ ခေါ်ပါတယ်။

စိတ်ဟာ အမြီးအမောက်လည်း တည့်ပါတယ်။ အစီအစဉ်လဲ ကျနပါတယ် ဆိုရင်တော့ စိတ်ရူးမဟုတ်ပါဘူးလို့ မြင်ရိုးမြင်စဉ်ထုံးစံအတိုင်း ယူဆကြပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment