ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 6 June 2012

ရူပါဝစရအပ္ပနာဝီထိ ၅-ပါး

(မန္ဒပညာ) န-ဒ-`မ-ပ-ဥ-နု-ဂေါ-ဈာန်´-ဘွင်-ဘွင်-
(တိက္ခပညာ) န-ဒ-`မ-ဥ-နု-ဂေါ-ဈာန်´-ဘွင်-ဘွင်-
(၁) ကသိုဏ်းနိမိတ်အာရုံသည် မနောဒွါရ၌ ထင်လာသည်ရှိသော် ဘ၀င်္ဂစလန-ဘ၀င်္ဂုပစ္ဆေဒဟူ၍ ဘ၀င် ၂-ကြိမ်လူပ်၍ ပြတ်ပြီးလျှင် ထိုကသိုဏ်းနိမိတ်ကို အာရုံပြု၍ မနောဒွါရာဝဇ္ဇန်းစိတ်ဖြစ်၏။ ထို့နောက် မဟာကုသိုလ် ဉာဏသမ္ပယုတ်သောမနဿစိတ် ၂-ပါးတွင် တစ်ပါးပါးသည် မန္ဒပညာပုဂ္ဂိုလ် (ညံ့သောပညာရှိသူ) ဖြစ်သော် ပရိကမ်၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘုဟု ၄-ကြိမ် (တိက္ခပညာပုဂ္ဂိုလ်ဖြစ်သော် ဥပစာ၊ အနုလုံ၊ ဂေါတြဘုဟု ၃-ကြိမ်) ဖြစ်၍ ချုပ်၏။ ထို့နောက် ရူပါဝစရ ပထမဈာန် ကုသိုလ်စိတ်သည် အပ္ပနာဇောအဖြစ် ၁-ကြိမ်ဖြစ်၍ ချုပ်၏။ ထို့နောက် ဘ၀င်များစွာကျပြီး ဈာန်မှထ၏။
(၂) အထက်ပါအတိုင်း ရူပါဝစရ ဒုတိယဈာန်ကုသိုလ်စိတ် အပ္ပနာ ၁-၀ီထိ
(၃) အထက်ပါအတိုင်း ရူပါဝစရ တတိယဈာန်ကုသိုလ်စိတ် အပ္ပနာ ၁-၀ီထိ
(၄) အထက်ပါအတိုင်း ရူပါဝစရ စတုတ္ထဈာန်ကုသိုလ်စိတ် အပ္ပနာ ၁-၀ီထိ
(၅) အထက်ပါအတိုင်း ရူပါဝစရ ပဉ္စမဈာန်ကုသိုလ်စိတ် အပ္ပနာ ၁-၀ီထိ

ဤ ပဉ္စမဈာန်စိတ်သည် ဥပေက္ခာသဟဂုတ်စိတ်ဖြစ်သဖြင့် လိုက်ဖက်ညီရန် အထက်ပါဆိုရိုးတွင် `မဟာကုသိုလ် ဉာဏသမ္ပယုတ် သောမနဿစိတ် ၂-ပါး´ အစား `မဟာကုသိုလ်ဉာဏ်သမ္ပယုတ် ဥပေက္ခာစိတ် ၂-ပါး´ ဟူ၍ ပြောင်းယူရမည်။ `ပ-ဥ-နု-ဂေါ´သည် ဥပစာရသမာဓိဇော ဖြစ်၏။

မဟာကုသိုလ်ဉာဏသမ္ပယုတ်စိတ်က ဤဇောကိစ္စကို ဆောင်ရွက်၏။

ပ = ပရိကမ်=အပ္ပနာဇောဖြစ်ရန် ပြုပြင်စီရင်တတ်သောစိတ်၊
ဥ=ဥပစာ=အပ္ပနာဇော၏အနီး၌ ဖြစ်သောစိတ်၊
နု=အနုလုံ= အောက်ပရိက်ဇောအား လည်းကောင်း၊ အထက်အပ္ပနာဇောအား လည်းကောင်း လျော်စွာဖြစ်စေသောစိတ်၊
ဂေါ=ဂေါတြဘု=ကာမအနွယ်ကိုဖြတ်၍ မဟဂ္ဂုတ်အနွယ်ကိုဖြစ်စေသောစိတ်၊

ဒေါက်တာမင်းတင်မွန် စတုတ္ထအကြိမ်ထုတ်ဝေသော ဗုဒ္ဓအဘိဓမ္မတရားတော် အနှစ်ချုပ် စာအုပ်မှ ပြန်လည်ထုတ်နုတ် ဖော်ပြပေးသည်။

No comments:

Post a Comment