ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 6 June 2012

ပုဂ္ဂလဘေဒ(ပုဂ္ဂိုလ်အပြား)

ပုထုဇဉ် ၄-ဦး
(၁) ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်
(၂) သုဂတိအဟိတ်ပုဂ္ဂိုလ်
(၃) ဒွိဟိတ်ပုဂ္ဂိုလ်
(၄) တိဟိတ်ပုဂ္ဂိုလ်

မဂ္ဂဋ္ဌာန် ၄-ဦး
(၅) သောတာပတ္တိမဂ္ဂဋ္ဌပုဂ္ဂိုလ်
(၆) သကဒါဂါမိမဂ္ဂဋ္ဌပုဂ္ဂိုလ်
(၇) အနာဂါမိမဂ္ဂဋ္ဌပုဂ္ဂိုလ်
(၈) အရဟတ္တမဂ္ဂဋ္ဌပုဂ္ဂိုလ်

ဖလဋ္ဌာန် ၄-ဦး
(၉) သောတာပတ္တဖလဋ္ဌပုဂ္ဂိုလ်
(၁၀) သကဒါဂါမိဖလဋ္ဌပုဂ္ဂိုလ်
(၁၁) အနာဂါမိဖလဋ္ဌပုဂ္ဂိုလ်
(၁၂) အရဟတ္တဖလဋ္ဌပုဂ္ဂိုလ်

ပုထုဇဉ် ၄-ဦးနှင့် အရိယာ ၈-ဦးဟူ၍ ပုဂ္ဂိုလ် ၁၂-ဦးရှိ၏။ ဒုဂ္ဂတိအဟိတ်ပုဂ္ဂိုလ်သည် အပါယ်ဘုံသားဖြစ်၏။ သုဂတိအဟိတ်ပုဂ္ဂိုလ်မှာ လူ့ဘုံနှင့် စတုမဟာရာဇ် ဘုံတို့၌ ၀မ်းတွင်းပါမျက်စိကန်းသူ၊ နားပင်းသူ၊ ဆွံ့အသူ စသည်တို့ဖြစ်ကြ၏။

ဒွိဟိတ်ပုဂ္ဂိုလ်မှာ ပဋိသန္ဓေအားဖြင့် ဉာဏ်မပါသော လူများနှင့် နတ်များ ဖြစ်ကြ၏။ ဒွိဟိတ်ပုဂ္ဂိုလ်သည် လက်ရှိဘ၀၌ မည်မျှပင် ကြိုးစားအားထုတ်စေကာမူ ဈာန်နှင့် မဂ်ဖိုလ်တို့ကို မရနိုင်ချေ။

တိဟိတ်ပုဂ္ဂိုလ်တို့မှာ ပဋိသန္ဓေအားဖြင့် ဉာဏ်ပါသော လူနတ် ဗြဟ္မာများဖြစ်ကြ၏။ လက်ရှိဘ၀၌ ကြိုးစားလျှင် ဈာန်မဂ်ဖိုလ်ရနိုင်သူများတည်း။

မဂ္ဂဋ္ဌာန်းခေါ် မဂ်ပုဂ္ဂိုလ် ၄-ဦးနှင့် ဖလဋ္ဌာန်ခေါ် ဖိုလ်ပုဂ္ဂိုလ် ၄-ဦးတို့သည် တိဟိတ်များ ဖြစ်ကြ၏။ မဂ္ဂဋ္ဌပုဂ္ဂိုလ်သည် မဂ်၌တည်ဆဲ ပုဂ္ဂိုလ်ဖြစ်သဖြင့် မဂ်စိတ်ဖြစ်ခိုက် စိတ္တက္ခဏ ၁-ချက်အတွင်းသာ မဂ္ဂဋ္ဌာန်ဟု ခေါ်ရ၏။ မဂ်စိတ်ချုပ်သွားသည်နှင့် တစ်ပြိုင်နက် ဖလဋ္ဌာန်ဖြစ်သွားလေတော့၏။

ဒေါက်တာမင်းတင်မွန် စတုတ္ထအကြိမ်ထုတ်ဝေသော ဗုဒ္ဓအဘိဓမ္မတရားတော် အနှစ်ချုပ် စာအုပ်မှ ပြန်လည်ထုတ်နုတ် ဖော်ပြပေးသည်။

No comments:

Post a Comment