ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 6 June 2012

အပ္ပနာဇောအကြိမ်

မရသေသည့်ဈာန်ကိုရရန် အားထုတ်နေသော အာဒိကမ္မိက ပုဂ္ဂိုလ်အား ပထမဦးဆုံဖြစ်သော ဈာန်အပ္ပနာဇောသည် ၁-ကြိမ်ကျ၏။ ရပြီးသောဈာန်ကို ပြန်လည်ဝင်စားသော သမာပဇ္ဇန အပ္ပနာတို့သည် အကြိမ်များစွာ ကျကြ၏။

အဘိညာဉ်ဇောတို့သည် ၁-ကြိမ်သာကျ၏။

နိရောဓသမာပတ် ၀င်စားသောအခါ နေ၀သညာနာသညာယတနဇောသည် ၂-ကြိမ်ကျ၏။

လောကုတ္တရာအပ္ပနာ၌ မဂ်ဇောတို့သည် ၁-ကြိမ်သာ ကျကြ၏။

မဂ်ဝီထိ၌ကျသော ဖိုလ်ဇောတို့သည် မန္ဒပုဂ္ဂိုလ်အား ၂-ကြိမ်၊ တိက္ခပုဂ္ဂိုလ်အား ၃-ကြိမ် ကျ၏။

ဖလသမာပတ္တိဝီထိ၌ ဖိုလ်ဇောတို့သည် အကြိမ်များစွာ ကျကြ၏။

နိရောဓသမာပတ်ဝင်စားနေသော အခိုက်၌ စိတ် စေတသိက်နှင့် စိတ္တဇရုပ်တို့ ချုပ်ငြိမ်းနေကြသဖြင့် မည်သည့်ဇောမျှ မစောချေ။ နိရောဓသမာပတ်မှ ထသောအခါ ဖိုလ်ဇောတို့သည် ၁-ကြိမ်သာ ကျ၏။

ဒေါက်တာမင်းတင်မွန် စတုတ္ထအကြိမ်ထုတ်ဝေသော ဗုဒ္ဓအဘိဓမ္မတရားတော် အနှစ်ချုပ် စာအုပ်မှ ပြန်လည်ထုတ်နုတ် ဖော်ပြပေးသည်။

No comments:

Post a Comment