ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday, 7 June 2012

သေခြင်းအကြောင်း ၄-ပါး

ထွန်းညှိထားသော ဆီမီးသည်
(၁) မီးစာကုန်ခြင်းကြောင့်လည်း ငြိမ်း၏။
(၂) ဆီကုန်ခြင်းကြောင့်လည်း ငြိမ်း၏။
(၃) မီးစာနှင့် ဆီနှစ်မျိုးလုံး ကုန်ခြင်းကြောင့်လည်း ငြိမ်း၏။
(၄) မီးစာနှင့်ဆီ နှစ်မျိုးလုံး မကုန်သေးဘဲလျက် ရုတ်တရက် လေပြင်း တိုက်ခတ်သောကြောင့် သို့မဟုတ် တမင်ငြိမ်သတ်သောကြောင့် ငြိမ်း၏။

ထို့အတူ …
(၁) အာယုက္ခယမရဏ = သက်တမ်းကုန်၍ သေခြင်း၊
(၂) ကမ္မက္ခယမရဏ = ကံကုန်၍ သေခြင်း၊
(၃) ဥဘယက္ခယမရဏ = သက်တမ်းနှင့် ကံ နှစ်ပါးစုံ ကုန်၍ သေခြင်း၊
(၄) ဥပေစ္ဆဒကမရဏ = သက်တမ်းနှင့် ကံ နှစ်ပါးစုံ မကုန်သေးဘဲလျက် လတ်တလောသေခြင်းဟူ၍ သေခြင်း ၄-မျိုးရှိ၏။

ဒေါက်တာမင်းတင်မွန် စတုတ္ထအကြိမ်ထုတ်ဝေသော ဗုဒ္ဓအဘိဓမ္မတရားတော် အနှစ်ချုပ် စာအုပ်မှ ပြန်လည်ထုတ်နုတ် ဖော်ပြပေးသည်။

No comments:

Post a Comment