ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday, 7 June 2012

သြကမကုသိုလ်နှင့် ဥက္ကဋ္ဌကုသိုလ်

ကုသိုလ်မပြုခင်နှင့် ပြုပြီးနောက် အချိန်များတွင် လောဘ၊ ဒေါသ စသည့် အကုသိုလ်စိတ်များ ခြံရံနေလျှင် အညံ့စား သြမကကုသိုလ် ဖြစ်၏။ ကုသိုလ်မပြုခင်နှင့် ပြုပြီးနောက် အချိန်များတွင် အလောဘ၊ အဒေါသ စသည့်ကုသိုလ်စိတ်များ ခြံရံနေလျှင် အမြတ်စား ဥက္ကဋ္ဌကုသိုလ် ဖြစ်၏။

ဒေါက်တာမင်းတင်မွန် စတုတ္ထအကြိမ်ထုတ်ဝေသော ဗုဒ္ဓအဘိဓမ္မတရားတော် အနှစ်ချုပ် စာအုပ်မှ ပြန်လည်ထုတ်နုတ် ဖော်ပြပေးသည်။

No comments:

Post a Comment