ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday, 7 June 2012

ရူပါဝစရကုသိုလ်ကံနှင့် အရူပါဝစရကုသိုလ်ကံ

ရူပါဝစရကုသိုလ်ကံ
သမထဘာဝနာပွားများခြင်းဖြင့် ရူပါဝစရ ပထမဈာန်ကုသိုလ်၊ ဒုတိယဈာန်ကုသိုလ်၊ တတိယဈာန်ကုသိုလ်၊ စတုတ္ထဈာန်ကုသိုလ်နှင့် ပဉ္စမဈာန်ကုသိုလ်တို့ကို ဖြည့်ကျင့်ဆည်းပူး နိုင်၏။ ဤရူပကုသိုလ်ကံတို့သည် သမာဓိထူထောင်၍ အားကြီးသော စိတ်စွမ်းအားဖြင့် တည်ဆောက်ရယူခြင်း ဖြစ်သည်နှင့်အညီ ကာမကုသိုလ်ကံတို့ထက်ပို၍ အစွမ်းထက်မြက် ကြ၏။ ကိစ္စကမ္မစတုက္ကတွင် ဂရုကကံစာရင်းတွင် ပါဝင်ကြ၏။

ရူပကုသိုလ်ကံ ၅-ပါးတို့သည် မနောကံဖြစ်ပြီး ဘာဝနာကုသိုလ်တွင် ပါဝင်ကြ၏။

အရူပါဝစရကုသိုလ်ကံ
ရူပပဉ္စမဈာန်ကို အခြေခံ၍ အထက်ထက်သော ဈာန်များကိုရအောင် သမထဘာဝနာ ပွားများသူသည် အာကာသာနဉ္စယတန ကုသိုလ်ကံ၊ ၀ိညာဏဉ္စာယတနကုသိုလ်ကံ၊ အာကိဉ္စညာယတနကုသိုလ်ကံနှင့် နေ၀သညာနာသညာယတနကုသိုလ်ကံတို့ကို ဖြည့်ဆည်းခွင့်ရ၏။ ဤအရူပဈာန်ကုသိုလ်ကံ ၄-ပါးသည် ရူပကုသိုလ်ကံထက်ပင် ပို၍ အားကြီးကြ၏။ ၎င်းတို့သည်လည်း မနောကံ ဘာဝနာကုသိုလ်များ ဖြစ်ကြ၏။

ဒေါက်တာမင်းတင်မွန် စတုတ္ထအကြိမ်ထုတ်ဝေသော ဗုဒ္ဓအဘိဓမ္မတရားတော် အနှစ်ချုပ် စာအုပ်မှ ပြန်လည်ထုတ်နုတ် ဖော်ပြပေးသည်။

No comments:

Post a Comment