သင်္ခါရက ၃-မျိုး ရှိပါတယ်။ ပထမအမျိုးအစား သင်္ခါရကတော့ ရေထဲမှာ မျဉ်းကြောင်းဆွဲသလိုပါပဲ။ ဆွဲလိုက်တာနဲ့ ချက်ချင်းပဲ ပျောက်ကွယ်သွားပါတယ်။ ဒုတိယအမျိုးအစား သင်္ခါရကတော့ ပယ်လယ်ကမ်းစပ် သဲသောင်းယံပေါ်မှာ မျဉ်းကြောင်းဆွဲ သလိုပါပဲ။ မနက်က ဆွဲထားတဲ့ မျဉ်းကြောင်းဟာ ညနေကျတော့ မရှိတော့ပါဘူး။ ပျောက်ကွယ်သွားသလိုပါပဲ။
တတိယအမျိုးအစား သင်္ခါရကတော့ ကျောက်ဆောင် ကျောက်တုံးပေါ်မှာ တူနဲ့ရိုက်ပြီး ဆောက်နဲ့ ထွင်းထားသလိုပါပဲ။ တတိယအမျိုးအစား သင်္ခါရကတော့ အင်မတန် ခိုင်မာတည်မြဲတဲ့အတွက်ကြောင့် သိပ်ကြောက်စရာ ကောင်းလှပါတယ်။ သူတို့ကလည်း ပျောက်တော့ ပျောက်ကွယ်သွားကြမှာပဲ။ ဒါပေမယ့် မလွယ်ကူပါဘူး။ ပိုပြီးအချိန်ကြာမှာ ဖြစ်ပါတယ်။
လူတွေဟာ သေပေါက်သေ၀ ရောက်တဲ့အခါကျတော့ စိတ်ရဲ့ အတွင်းနက်နက်မှာ တိမ်မြုပ်နေတဲ့ သင်္ခါရတွေဟာ ပေါ်ထွက်လာကြပါတယ်။ ဒီဘ၀ရဲ့ နောက်ဆုံးစိတ်ဟာ နောက်ဖြစ်ရမယ့် ဘ၀ရဲ့ ပထမဦးဆုံးစိတ် ဖြစ်လာပါတယ်။ ဒီအထဲမှာ ကောင်းတဲ့အရည်အချင်း ပင်ကိုယ်သတ္တိတွေရော မကောင်းတဲ့အရည်အချင်း ပင်ကိုယ်သတ္တိရော ပါလာပါလိမ့်မယ်။
အခုဘ၀ရဲ့ နောက်ဆုံးစိတ်ဟာ ကျောက်ခဲသလဲဖြစ်နေရင် နောက်ဖြစ်ရမယ့်ဘ၀ရဲ့ ပထမဦးဆုံး စိတ်ဟာလဲ ကျောက်ခဲသလဲဖြစ်ပြီး ဆင်းရဲဒုက္ခတွေ ခံစားရပါလိမ့်မယ်။ အခုဘ၀ရဲ့ နောက်ဆုံးစိတ်ဟာ ဆီးဦးထောပတ်ဆိုရင် နောက်ဖြစ်ရမယ့်ဘ၀ရဲ့ ပထမဦးဆုံး စိတ်ဟာလဲ ဆီဦးထောပတ်ဖြစ်ပြီး ကောင်းကျိုးတွေကို ခံစားရပါလိမ့်မယ်။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:
Post a Comment