ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Saturday, 7 April 2012

ဝေဒနာတွေကို အရေးပေး

ငယ်ထိပ်ကနေ ခြေဖျား၊ ခြေဖျားကနေ ငယ်ထပ်ထပ် အခါခါရူနေတာဟာ ၀တ်ပြုနေတာ လုပ်ရိုးလုပ်စဉ်တွေ လုပ်နေတာ မဟုတ်ပါဘူး။ ဒီကမ္မဋ္ဌာန်းနည်းကို သုံးခြင်းအားဖြင့် ယောဂီတို့အတွက် နိဗ္ဗာန်တံခါးဟာ ပွင့်လာပါလိမ့်မယ်။ ၀ီရိယစိုက်ထုတ်ပြီး ကြိုးစားအားထုတ်ရန်သာ ဖြစ်ပါတယ်။ ဘာတန်ခိုး ဘာအစွမ်းနဲ့မှ လုပ်ယူရတာ မဟုတ်ပါဘူး။
ဝိပဿနာကို နားလည်ပြီး ကျင့်သုံးရမှာဖြစ်ပါတယ်။ လမ်းစဉ်တစ်ခုလုံးကတော့ ဝေဒနာတွေကို အရေးပေးဖို့ပါပဲ။ ဝေဒနာတွေကို ရူနေခြင်းအားဖြင့် စိတ်ရဲ့အပေါ်ယံပိုင်း အသိစိတ်နဲ့ အနက်ရိုင်းဆုံးအပိုင်း မသိစိတ်တို့ကို ပိုင်းခြားထားတဲ့ အတားအဆီးတွေကို ဖြိုခွဲပစ်ခြင်းပဲ ဖြစ်ပါတယ်။ နက်ရိုင်းတဲ့ မသိစိတ်ဟာ သိမ်မွေ့ဝေဒနာတွေကို ခံစားနေရတာဖြစ်ပါတယ်။

အပေါ်ယံဖြစ်တဲ့ အသိစိတ်ကတော့ သိမ်မွေ့ဝေဒနာတွေကို တုံ့ပြန်လုပ်နေပါတယ်။ ဒီလိုတုံ့ပြန်နေတာတွေကို မိမိရဲ့စိတ်ရဲ့ အပေါ်ယံပိုင်းကတော့ မသိပါဘူး။ စိတ်ရဲ့ အပေါ်ယံပိုင်းကို ဦးနှောက်အသိဉာဏ်၊ စိန္တာမယဉာဏ်တို့နဲ့ သွန်သင်ဆုံးမပြီးတော့ အေးငြိမ်းချမ်းသာ လာအောင်ဖြစ်စေပေမယ့်လို့ စိတ်ရဲ့ နက်ရိုင်းတဲ့အပိုင်းကတော့ ပိုပိုပြီးထုထည် ကြီးမားလာပါတယ်။

ဒီအတွင်းစိတ်ကို ပြောင်းလဲပေးနိုင်မှသာ ဆင်းရဲဒုက္ခဖြစ်စေတဲ့ အကုသိုလ် ဒုစရိုက်တွေကကင်းပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီနက်ရိုင်းတဲ့ စိတ်ရဲ့ ဆင်ကန်းတောတိုး လုပ်တတ်တဲ့ အကျင့်ကြောင့် တစ်ချိန်လုံးပဲ ဝေဒနာတွေကို တုံ့ပြန် လုပ်နေကြခြင်းဖြစ်ပါတယ်။ ဒီကမ္မဋ္ဌာန်းနည်းကို ကျင့်ခြင်းအားဖြင့် စိတ်ရဲ့ အပြင်ပိုင်းနဲ့ အနက်ရိုင်းဆုံးအပိုင်းကို ပိုင်းခြားထားတဲ့ အတားအဆီးတွေ ပျောက်ကွယ်သွားကြပြီး စိတ်ရဲ့ အပေါ်ယံပိုင်းထဲကလဲ သိမ်မွေ့ဝေဒနာတွေကို သိရှိ ခံစားလာနိုင်ပါလိမ့်မယ်။

ရုပ်တရားတစ်ခုလုံး နာမ်တရားတစ်ခုလုံးကို သတိရှိပြီး ရူမှတ်တတ်လာပါလိမ့်မယ်။ ခန္ဓာကိုယ်တစ်ခုလုံးမှာ ဖြစ်ပျက်နေတာတွေကို သိရှိလာပြီး ကိုယ်တွင်းမှာ ဖြစ်ပျက်နေတဲ့ ဝေဒနာတွေကို သိရှိနေဖို့ရာက ပိုပြီးအရေးကြီးကြောင်း သိရှိလာပါလိမ့်မယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment