ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Friday, 6 April 2012

ဓားပြနဲ့ ဆရာဝန်ပမာ

ဥပမာတစ်ခုပေးပါဦးမယ်။ တောထဲဖြတ်ပြီး ခရီးသွားနေတဲ့ လူတစ်ဦးဟာ ဓားပြနဲ့ တွေ့တော့ ဓားပြက ငွေလိုချင်တဲ့လောဘနဲ့ ခရီးသည်ရဲ့ ဗိုက်ကိုဓားနဲ့ထိုးပြီး သတ်လိုက်ပါတယ်။ နောက်အဖြစ်အပျက် တစ်ခုကတော့ လူတစ်ဦးဟာ အစာအိမ်မှာ အနာပေါက်တဲ့ ရောဂါအတွက် ဆရာဝန်က ဗိုက်ခွဲပြီး ကုသရာမှာ သေဆုံးသွားပါတယ်။


ဓားပြရော ဆရာဝန်ရော နှစ်ဦးစလုံးဟာ အခြားလူတစ်ယောက်ရဲ့ ဗိုက်ကို ဓားနဲ့ခွဲရလို့ ဒီလူသေရခြင်းဖြစ်ပါတယ်။ ဒါကို သဘာဝဓမ္မကရော၊ ကံကရော တူမျှတဲ့ အကျိုးပေးမှာလား။ မဟုတ်နိုင်သေးဘူး။ ပုဂ္ဂိုလ်ရဲ့ စိတ်ထားစေတနာပေါ်မှာလဲ တည်နေပါသေးတယ်။ ဓားပြရဲ့ စိတ်ထား စေတနာက လောဘတွေ မကောင်းတဲ့စိတ်ထား စေတနာတွေပဲ။ ဆရာဝန်ရဲ့ စိတ်ထားစေတနာကတော့ ကောင်းတဲ့စိတ်ထား၊ ရောဂါပျောက်စေချင်တဲ့ စိတ်ထားပဲဖြစ်ပါတယ်။ သဘာဝတရားက စိတ်ထား စေတနာပေါ်မှာတည်ပြီးတော့ ကောင်းကျိုးဆိုးကျိုးပေးတာ ဖြစ်ပါတယ်။


ဒီကောင်းကျိုး ဆိုးကျိုးတွေဟာ နူတ်အပြုအမူ ကိုယ်အပြုအမူ ပေါ်မှာသာ တည်နေတာ မဟုတ်ပါဘူး။ စိတ်ကိုစပြီး ထိန်းထိန်း သိမ်းသိမ်းထားရင် ကိုယ်နဲ့နူတ်အတွက် စိတ်ပူစရာမလိုပါဘူး။ စိတ်ကောင်းနေရင် ကိုယ်နဲ့နူတ်တို့ကလဲ သူတို့အလိုလို ကောင်းလာကြမှာပါပဲ။


လူတွေက စိတ်ကိုတော့မေ့နေပြီး နူတ်အပြုအမူ ကိုယ်အပြုအမူတွေကိုသာ ဆင်ခြင်ပြီးတော့ စောင့်ထိန်းနေကြပါတယ်။ အရင်းအမြစ်တွေကတော့ ပျက်စီးနေပြီးတော့ အကုသိုလ် အလုပ်တွေ ပွားနေကြပြီး ဆင်းရဲဒုက္ခထဲက မလွတ်နိုင်ပါဘူး။


ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်

No comments:

Post a Comment