အဆိုးမြင်သမား
ပုံကလေးတစ်ပုံ ပြောပြပါဦးမယ်။ မိခင်တစ်ဦးက သူ့ရဲ့သားငယ်ကို ပုလင်းလွတ်တစ်လုံး ငွေတစ်ဆယ်ပေးပြီး ဆီသွားဝယ်ခိုင်းပါတယ်။ ၀ယ်ပြီးပြန်အလာမှာ ပုလင်းကလွတ်ကျသွားပြီး ဆီတစ်ဝက်လောက်က ဖိတ်စင်သွားပါတယ်။ သားငယ်ကလေးက ကျန်တဲ့ဆီတစ်ဝက်နဲ့ ပုလင်းကို ကောက်ယူပြီး ငိုယိုပြီး အိမ်ပြန်လာပါတယ်။

“အမေရယ်ဆီတွေ တစ်ဝက်လောက်တော့ ဖိတ်ကုန်ပြီဆိုပြီး ဖိတ်သွားတဲ့ ဆီတစ်ဝက်ကို ငိုကြွေးနေပါတယ်။ သူကတော့ အဆိုးဘက်ကိုသာ မြင်တတ်တဲ့ ကြည့်တတ်တဲ့ အဆိုးမြင်သမားလေးကို။
“အမေရေ ပုလင်းလွတ်ကျလို့ ဆီတစ်ဝက်လောက် ဖိတ်ကျသွားပါတယ်။ ဒါပေမယ့် တော်ပါသေးရဲ့ အမေရယ် အကုန်ဖိတ်မသွားဘူး။ တစ်ဝက်လောက်တော့ ကျန်ပါသေးတယ်။” ကျန်နေသေးတဲ့ တစ်ဝက်အတွက် ၀မ်းသာနေပါတယ်၊ သားနှစ်ယောက်စလုံးဟာ ဖြစ်ပုံကတော့ အတူတူပါပဲ။ တစ်ဝက် ဖိတ်တယ်။ တစ်ဝက် ကျန်တယ်။ တစ်ယောက်ကတော့ ဖိတ်သွားတဲ့ တစ်ဝက်အတွက် စိတ်မကောင်းဖြစ်ပြီး ငိုနေပေမဲ့လို့ တစ်ယောက်က ကျန်ရှိနေတဲ့တ၀က်ကို ၀မ်းသာပြီးပြုံးနေပါတယ်။ သူကတော့အကောင်းဘက်ကို မြင်တတ်တာကိုး။
ဒီတော့သူကမငိုရုံ ပြောနေရုံသာမဟုတ်ဘူး။ ဖြစ်ပျက်အမှန်ကို လက်တွေ့လည်းသိပါတယ်။ လက်တွေ့လည်း လုပ်ကိုင်ဆောင်ရွက်ပါတယ်ဆိုတော့ မှန်ပါတယ်၊ ဆီတစ်ဝက် ကျန်နေပါသေးတယ်။ တခြားတစ်ဝက်ကတော့ ဖိတ်စင်သွားပါတယ်။ ဒီတော့ ဖိတ်စင်သွားတဲ့ တစ်ဝက်ကိုရအောင် ပြန်ဖြည့်မှဆိုပြီး အလုပ်တစ်ခုသွားလုပ်ပြီး ငွေ ၅-ကျပ်ရအောင်ရှာပြီး ပုလင်းပြည့်လာအောင် ပြန်ဖြည့်ပေးပါတယ်။ သူကမှ တကယ့် အလုပ်သမား ဖြစ်ပါတယ်။ ၀ိပဿနာသမားပါပဲ။
လောကမှာ ပူဆွေးနေဖို့ ငိုကြွေးနေဖို့အားငယ်နေဖို့ မဟုတ်ပါဘူး။ ကိုယ့်အားကိုယ်ကိုးပြီး ရည်မှန်းချက်နဲ့ စိတ်အားထက်သန်စွာနဲ့ အဟုတ်အမှန်အတိုင်း ကြိုးစားအလုပ်လုပ်ဖို့ရာ ဖြစ်ပါတယ်။ အလုပ်ကို တစ်ကယ်လုပ်ဖို့ရာက အင်မတန် အရေးကြီးပါတယ်။ ယောဂီတို့ ဒီကို အခုလာကြတာဟာ အလုပ်လုပ်ကြဖို့ လာကြတာပဲ မဟုတ်လား။ မျှော်မှန်းနေရုံ စိတ်ထက်သန်နေရုံနဲ့ မရသေးပါဘူး။ တကယ့်လက်တွေ့ အလုပ်လုပ်ကြရမှာ ဖြစ်ပါတယ်။ ကျန်ရှိနေသေးတဲ့ ၄-ရက်မှာ နည်းလမ်းကျကျနဲ့ အားစိုက်ပြီး အလုပ်လုပ်ကြပါ။
အကောင်းမြင်သမား
မိခင်က နောက်သားတစ်ယောက်ကို နောက်ပုလင်းလွတ်တစ်လုံးနဲ့ ငွေတစ်ဆယ်ပေးပြီး ဆီသွားဝယ်ခိုင်းပြန်ပါတယ်။ ဒီသူငယ်ကလေးကလည်း သူ့အစ်ကိုလိုပဲ ပုလင်းလွတ်ကျသွားပြီး ဆီတွေတစ်ဝက်လောက်ဟာ ဖိတ်ကုန်ပြန်ပါတယ်။ ဒါပေမယ့် သူကတော့ မငိုပါဘူး။ ပြုံးပြုံးရွှင်ရွှင်နဲ့ ပုလင်းကို ကောက်ယူပြီး အိမ်ပြန်လာပါတယ်။“အမေရေ ပုလင်းလွတ်ကျလို့ ဆီတစ်ဝက်လောက် ဖိတ်ကျသွားပါတယ်။ ဒါပေမယ့် တော်ပါသေးရဲ့ အမေရယ် အကုန်ဖိတ်မသွားဘူး။ တစ်ဝက်လောက်တော့ ကျန်ပါသေးတယ်။” ကျန်နေသေးတဲ့ တစ်ဝက်အတွက် ၀မ်းသာနေပါတယ်၊ သားနှစ်ယောက်စလုံးဟာ ဖြစ်ပုံကတော့ အတူတူပါပဲ။ တစ်ဝက် ဖိတ်တယ်။ တစ်ဝက် ကျန်တယ်။ တစ်ယောက်ကတော့ ဖိတ်သွားတဲ့ တစ်ဝက်အတွက် စိတ်မကောင်းဖြစ်ပြီး ငိုနေပေမဲ့လို့ တစ်ယောက်က ကျန်ရှိနေတဲ့တ၀က်ကို ၀မ်းသာပြီးပြုံးနေပါတယ်။ သူကတော့အကောင်းဘက်ကို မြင်တတ်တာကိုး။
လက်တွေ့လုပ် ၀ိပဿနာသမား
တစ်ခါမိခင်လုပ်သူက တတိယသားတစ်ယောက်ကိုခေါ်ပြီး ပုလင်းလွတ်တစ်လုံး ငွေတစ်ဆယ်နဲ့ ဆီအ၀ယ်လွှတ်လိုက်ပြန်ပါတယ်။ ဒီသူငယ်လေးကလည်း ပုလင်းလွတ်ကျပြီး ဆီတစ်ဝက်ဖိတ်ကျပြန်ပါတယ်။ သူကလည်း မငိုပါဘူး။ အိမ်ပြန်လာပြီး “အမေရေ ဆီတစ်ဝက်တော့ ဖိတ်သွားပါတယ်။ တစ်ဝက်တော့ ကျန်နေပါသေးတယ်”လို့ ပြောပါတယ်။ ဒါပေမယ့် သူကတော့ ၀ိပဿနာသူငယ်ကိုး။ အကောင်းမြင်တတ်တဲ့ သဘောနဲ့ ပါးစပ်က ပြောရုံတင်မကပါဘူး။ တကယ်လည်း သဘာဝကျကျ စဉ်းစားတတ်ပါတယ်။ ဒီတော့သူကမငိုရုံ ပြောနေရုံသာမဟုတ်ဘူး။ ဖြစ်ပျက်အမှန်ကို လက်တွေ့လည်းသိပါတယ်။ လက်တွေ့လည်း လုပ်ကိုင်ဆောင်ရွက်ပါတယ်ဆိုတော့ မှန်ပါတယ်၊ ဆီတစ်ဝက် ကျန်နေပါသေးတယ်။ တခြားတစ်ဝက်ကတော့ ဖိတ်စင်သွားပါတယ်။ ဒီတော့ ဖိတ်စင်သွားတဲ့ တစ်ဝက်ကိုရအောင် ပြန်ဖြည့်မှဆိုပြီး အလုပ်တစ်ခုသွားလုပ်ပြီး ငွေ ၅-ကျပ်ရအောင်ရှာပြီး ပုလင်းပြည့်လာအောင် ပြန်ဖြည့်ပေးပါတယ်။ သူကမှ တကယ့် အလုပ်သမား ဖြစ်ပါတယ်။ ၀ိပဿနာသမားပါပဲ။
လောကမှာ ပူဆွေးနေဖို့ ငိုကြွေးနေဖို့အားငယ်နေဖို့ မဟုတ်ပါဘူး။ ကိုယ့်အားကိုယ်ကိုးပြီး ရည်မှန်းချက်နဲ့ စိတ်အားထက်သန်စွာနဲ့ အဟုတ်အမှန်အတိုင်း ကြိုးစားအလုပ်လုပ်ဖို့ရာ ဖြစ်ပါတယ်။ အလုပ်ကို တစ်ကယ်လုပ်ဖို့ရာက အင်မတန် အရေးကြီးပါတယ်။ ယောဂီတို့ ဒီကို အခုလာကြတာဟာ အလုပ်လုပ်ကြဖို့ လာကြတာပဲ မဟုတ်လား။ မျှော်မှန်းနေရုံ စိတ်ထက်သန်နေရုံနဲ့ မရသေးပါဘူး။ တကယ့်လက်တွေ့ အလုပ်လုပ်ကြရမှာ ဖြစ်ပါတယ်။ ကျန်ရှိနေသေးတဲ့ ၄-ရက်မှာ နည်းလမ်းကျကျနဲ့ အားစိုက်ပြီး အလုပ်လုပ်ကြပါ။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။
No comments:
Post a Comment