ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Wednesday, 4 April 2012

ခေါင်းမှခြေထိရူရာမှာ အချိန်ကန့်သတ်ချက်မရှိ

နောက်မေးခွန်းတစ်ခုကတော့ ခေါင်းကနေ ခြေအထိ ရူရာမှာ အချိန်ဘယ်လောက် ကြာကြာ ရူရပါ့မလဲဆိုတာပါပဲ။ အချိန် ကန့်သတ်ချက် မရှိပါဘူး။ ယောဂီတစ်ဦးနဲ့ တစ်ဦး မတူကြပါဘူး။ ယောဂီတစ်ဦးတည်းမှာလဲ တစ်ချိန်နဲ့ တစ်ချိန်မတူပါဘူး။ တစ်ခါတစ်လေကျတော့လဲ စိတ်က ထိုင်းမိုင်းတွေဝေအားကြီးတော့ သိမ်မွေ့တဲ့ဝေဒနာတွေကို မခံစားနိုင်ပါဘူး။

ဝေဒနာမတွေ့တဲ့နေရာတွေမှာ တစ်မိနစ်လောက် ရူပြီးနေပါ။ ပြီးတော့ ရှေ့တိုးပြီး ရူပါ။ ရှေ့နားမှာလဲ ဝေဒနာမတွေ့ဘူးဆိုရင်လဲ ကိစ္စမရှိပါဘူး။ ဒီနေရာမှာဘဲ ဆက်ပြီးတော့ (ရူနေပါ) နေပြီးရူပါ။ ဒီလိုရူသွားမယ်ဆိုရင် အစီအစဉ်လိုက် ခေါင်းကနေ ခြေဖျားအထိ တစ်ပတ်ရဖို့ဟာ တစ်နာရီလောက် ကြာပါလိမ့်မယ်။

စိတ်က အင်မတန် ထက်မြက်နေတယ်၊ သိမ်မွေ့နေတယ်၊ ထိတွေ့မူတွေကို သိနေတယ်ဆိုရင်တော့ တစ်ပတ်ရူရာမှာ ဆယ်မိနစ်လောက်ပဲ ကြာပါလိမ့်မယ်။ ခုလိုစပြီး ကျင့်ခါစ အချိန်မှာဆိုရင်တော့ ၁၀-မိနစ်ထက်ပိုပြီး မမြန်သင့်ပါဘူး။ သိပ်မြန်အားကြီးရင် ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ မရှိဘဲ ကျန်ရစ်ခဲ့နိုင်ပါတယ်။ ၁၀-မိနစ်ထက် ပိုပြီးကြာရင်လဲ ကြာပါစေ။ နောက်ဒီ ၁၀-ရက်အတွင်းမှာပဲ မြန်သထက် မြန်လာပါလိမ့်မယ်။

ကိုယ်ခန္ဓာတစ်ခုလုံးမှာ ပွင့်လာပြီး တစ်ကိုယ်လုံးမှာ ရေစီးနေသလိုဖြစ်လာပြီး အရှိန်ဟာ သူ့အလိုလို ပြောင်းလဲလာပါလိမ့်မယ်။ မြန်လာပါလိမ့်မယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment