ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday, 8 April 2012

စိတ်ကို တည်ငြိမ်အောင်ထား

ယောဂီတွေကလည်း နောက်ကြောင်းအမျိုးမျိုး ယုံကြည်မူအမျိုးမျိုးတွေနဲ့ လာကြတော့ တချို့ကလည်း ဒီမှာပြသပေးနေတဲ့ လမ်းစဉ်ကို ကောင်းကောင်း နားမလည်သေဘဲ သဘောမပေါက်သေးဘဲ ခေါင်းထဲမှာ ရူပ်ထွေးပြီး နေတတ်ကြပါတယ်။ သူ့နည်းကြီးကလဲ တစ်မျိုးကြီးပဲ၊ ငါ ခါတိုင်းကြားဖူးသလို သိခဲ့ဖူးသလိုလဲ မဟုတ်ဘူးလို့ အောက်မေ့မိတတ်ကြပါတယ်။

ဒါပေမယ့် တရားထိုင်ပြီးလို့ လေး၊ ငါးရက်ရောက်ရှိလာတဲ့ အခါကျတော့ တချို့ကလည်း ခုလို ဟောစဉ်တွေကို နားထောင်ကြလို့ တချို့ကလည်း မရှင်းလင်းတာတွေကို ဆရာနဲ့ မေးမြန်းရှင်းလင်းလိုက်ကြလို့ ဒီကမ္မဋ္ဌာန်းနည်းမှာ ကောင်းတာတွေလဲ ရှိပါတယ်။ ငါ ဒါကို ရအောင်ယူမယ်။

ငါကြိုးစားပြီး ထိုင်လိုက်ဦးမယ်လို့ ထင်ရှားသိမြင် လာကြပါတယ်။ ဒါကြောင့် ၅-ရက်နေ့ပြီးရင် ယောဂီတိုင်းဟာ အထူးကြိုးကြိုးစားစား လေးလေးနက်နက် စိတ်အားစိုက်ပြီး တရားလုပ်ငန်းဝင်တာကို တွေ့ကြရပါတယ်။ ဒီတော့ အင်မတန်လဲ အောင်မြင်ကြပါတယ်။

ယောဂီတို့ဟာ ကျန်နေသေးတဲ့ ၅-ရက်အတွင်းမှာ ပေါ့ပေါ့တန်တန်မနေပါနဲ့။ အထူးကြိုးစားပြီး နည်းနိဿယကိုလည်း ကောင်းကောင်းနားလည်ပြီးတော့ ကျင့်ကြပါ။ တစ်ခဏကနေ တစ်ခဏမှာ ဖြစ်ပေါ်နေတဲ့ တကယ့်ဖြစ်ပျက် အမှန်တရားကို ကိုယ်နဲ့မဆိုင်သလို ကိုယ့်ကိုယ်ထဲမှာ မဟုတ်သလိုထားပြီးရူပါ။ သဘာဝဓမ္မက သူ့သဘောသူဆောင်နေပြီး သူတို့အလိုလို ဆောင်ရွက်သွားကြပါလိမ့်မယ်။

ယောဂီတို့ ရူရုံမျှသာ ရူနေကြပါ။ ခန္ဓာကိုယ်ရုပ်ပိုင်းထဲမှာ ဖြစ်ပျက်နေတာကို ရူနေဖို့ရာသာ ဖြစ်ပါတယ်။ ဖြစ်ပျက်နေတာကို သတိရှိနေပြီး သတိနဲ့ရူနေပါ။ စိတ်ကို တတ်နိုင်သမျှ တည်ငြိမ်အောင်ထား၊ သမမျှတအောင်ထားပြီး ဥပေက္ခာပွားနေပါ။ ဒါဟာ ၀ိပဿနာပါပဲ။ တခြားဘာမှမလိုပါဘူး။ ယောဂီတို့ တခြားဘာကိုမှလဲ လုပ်ဖို့ရာမလိုပါဘူး။ ဒါဟာ မြတ်စွာဘုရား ကိုယ်တော်တိုင်တွေ့ရှိပြီး ကျင့်သုံးသွားတာဖြစ်ပါတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment