ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday, 8 April 2012

အနုသယကိလေသာ

သီလစောင့်ထိန်းခြင်းအားဖြင့် စိတ်ရဲ့အပြင်ပိုင်းကို သန့်ရှင်းသင့်သလောက် ဖြူစင်သင့် သလောက်တော့ ဖြူစင်သန့်ရှင်း စေပါတယ်။ သမ္မာသမာဓိကို ကျင့်သုံးလာတော့ ပိုပြီးဖြူစင်သန့်ရှင်း စေပြန်ပါတယ်။ ပညာအရာမှာလည်း သုတမယ၊ စိန္တာမယ အဆင့်မှာတောင် စိတ်ရဲ့ ဖြူစင်သန့်ရှင်းမူကို ဖြစ်စေနိုင်ပါတယ်။

ဒါပေမယ့် ကိလေသာ အညစ်အကြေးတွေကတော့ အကုန်မစင်သေးပါဘူး။ စိတ်ရဲ့အတွင်း အနက်ရိုင်းဆုံး အပိုင်းတွေမှာ သွားပြီးအနည်ထိုင်နေကြပါတယ်။ နောက်နေ တဲ့ရေထဲကို ကျောက်ချဉ်မူန့်များ ဖြူးလိုက် သလိုပေါ့။ ရေဟာ ခဏတော့ကြည်လင် သွားပေမယ့်လို့ အမိုက်သရိုက်တွေကတော့ မစင်သေးပါဘူး။ အညစ်အကြေးတွေက အောက်မှာသွားပြီး အနည်ထိုင်နေတာဖြစ်တော့ ဒီရေကို လူပ်ရှားလိုက်တဲ့အခါမှာဆိုရင် ဒီအညစ်အကြေးတွေ တစ်ခါအပေါ်ပြန်တက်လာကြပါတယ်။ ရေဟာ အမှန်စင်စစ် တကယ်သန့်ရှင်းသွားတာ မဟုတ်ပါဘူး။

ထိုနည်းတူပါပဲ သီလ၊ သမာဓိ၊ သုတမယ၊ စိန္တာမယတွေဟာလည်း ကိလေသာ အညစ်အကြေးတွေကို စိတ်ရဲ့ အပေါ်ယံအပိုင်းမှာ သန့်ရှင်းစင်ကြယ်စေဖို့ ဖြစ်ပါတယ်။ စိတ်ရဲ့ နက်ရိုင်းနေတဲ့ အပိုင်းတွေမှာသွားပြီး အနည်ထိုင်နေတာဖြစ်ပါတယ်။ တစ်ခါတစ်ခါ အခွင့်သင့်ရင် ပြန်ပြီးစိတ်ရဲ့အပေါ်ကို တက်လာတတ်ပါတယ်။ ဒါတွေကို အနုသယ ကိလေသာတွေလို့ ခေါ်ပါတယ်။

သူတို့ဟာ အောင်းနေတဲ့ တိမ်မြုတ်နေတဲ့ မီးတောင်များလိုပါပဲ၊ သူတို့ဟာ ပေါက်ကွဲချင်တဲ့အချိန်မှာ အချိန်မရွေး ပေါက်ကွဲလာပြီး ယောဂီတို့ကို လွှမ်းမိုးသွားနိုင်ပါတယ်။ ဒီတော့ ရုပ်နာမ်အစုတစ်ခုလုံးကို ကိလေသာ အညစ်အကြေးတွေက ထကြွသောင်းကျန်းပြီး ဖုံးအုပ်သွားပါတယ်။

သူတို့ ငုတ်နေတဲ့အချိန်မှာ ယောဂီတို့ဟာ ငါဖြင့်ကိလေသာတွေ စင်သွားပြီ လောဘ၊ ဒေါသ၊ မောဟ၊ ရာဂတွေ ကုန်စင်သွားပြီ၊ ဘ၀ရဲ့ လွတ်မြောက်ရေးတွေ ရပြီလို့ အထင်မှား တတ်ကြပါတယ်။ ဒါဟာ တကယ့်ဘ၀လွတ်မြောက်ရေးတော့ မဟုတ်သေးပါဘူး။ ကိလေသာ အညစ်အကြေးတွေ ကောင်းကံ ဆိုးကံတွေ ကံကြွေးကံဟောင်းတွေက အများကြီးကျန်နေပါသေးတယ်။

ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:

Post a Comment