ဒီကမ္မဋ္ဌာန်းနည်းကို ကျင့်သုံးရာမှာ အချက်တစ်ခုကိုတော့ နားလည်ထားဖို့ရာ လိုပါတယ်။ ဝေဒနာကို ယောဂီတို့က ရွေးလို့ ရတာမဟုတ်ပါဘူး။ ဘယ်လိုဝေဒနာပဲဖြစ်ဖြစ် သူ့သဘာဝအလျောက် ဖြစ်ပေါ်လာတာ တရားကဆောင် လာတာဖြစ်တော့ ယောဂီတို့က ပေါ်လာသမျှ ဝေဒနာတွေကို သူတို့ဖြစ်ပေါ်လာတဲ့
အတိုင်း အဟုတ်အမှန်အတိုင်း ရူနေဖို့သာ ဖြစ်ပါတယ်။
အတိုင်း အဟုတ်အမှန်အတိုင်း ရူနေဖို့သာ ဖြစ်ပါတယ်။
ကိုယ်အပေါ်မှာ တစ်နေရာကနေ တစ်နေရာ၊ တစ်နေရာကနေ တစ်နေရာ၊ တစ်ခဏကနေ တစ်ခဏ၊ ဘယ်လိုဝေဒနာမျိုးပဲဖြစ်ဖြစ်၊ အတူတူချည်းပါပဲ။ ခြားနားချက်မရှိပါဘူး။ ဒီဝေဒနာဟာဖြင့် ရာသီဥတု အခြေအနေကြောင့် ဖြစ်တာပဲ။ ရာသီ ပူလွန်းလို့ ကိုယ်ထဲမှာ ပူတာတွေ ခံစားနေရတာပဲ ချွေးထွက်နေတာပဲ။ ဒါကို ဘာရူစရာရှိလို့လဲ။ ဒါဟာ သဘာဝအလျာက် သူဖြစ်ချင်သလို ဖြစ်နေတာပဲလို့ ဆိုကြပါလိမ့်မယ်။
မှန်ပါတယ်။ ဒါပေမယ့်လည်း ယောဂီတို့ဟာ သဘာဝအလျောက် ဖြစ်ပျက်နေတာကိုပဲ ရူနေဖို့ရာ ဖြစ်ပါတယ်။ ဒါကြောင့် ဖြစ်နေတာကို လျစ်လျူမရူပါနဲ့။ ငါထိုင်နေတာ ကြာလို့ ညောင်းတာပဲ ညာတာပဲလို့ဆိုပြီးတော့လဲ လျစ်လျူမရူပါနဲ့၊ ငါ့ရောဂါဟောင်းကြောင့်မို့ နာတာပဲလို့လဲ မအောက်မေ့ပါနဲ့။
ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

No comments:
Post a Comment