ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday, 5 April 2012

ဖြစ်ပျက်ကို အမှန်အတိုင်း သိမှတ်နေခြင်း = ၀ိပဿနာ

ယောဂီတို့လည်း ညွှန့်ကြားတာတွေကို တစ်သဝေမတိမ်း လိုက်နာကျင့်ကြရင်တော့ အောင်မြင်ကြမှာ ပါပဲ။ ထူးဆန်းတာတွေ မတွေ့ဖူးတဲ့ အတွေ့အကြုံတွေ လိုက်ရှာနေမယ်ဆိုရင်တော့ အဲဒါဟာ ၀ိပဿနာ မဟုတ်ပါဘူး။ ၀ိပဿနာက ယထာဘူတ ဉာဏ်ဒဿနပါပဲ။ မြတ်စွာဘုရား ဟောကြားခဲ့တာပဲ။


ဒဿနဆိုတာက ရူတာ၊ သိပြီး လေ့လာတာ၊ သိမှတ်နေတာ၊ ဉာဏ်ဆိုတာကတော့ အသိဉာဏ်နဲ့ ယထာဘူတဆိုတာကတော့ အဟုတ်တကယ် ဖြစ်ပျက်နေတဲ့အတိုင်း အရှိကိုအရှိအတိုင်း ရူနေတာဖြစ်ပါတယ်။ ကိုယ့်စိတ်ကူးနဲ့ကိုယ် ဖြစ်ချင်သလို မဟုတ်စေရပါဘူး။


တစ်ခဏကနေ တစ်ခဏ၊ တကယ့်အဖြစ်အပျက်ကို အမှန်အတိုင်းသိမှတ်နေတာဟာ ၀ိပဿနာပါပဲ။ တကယ့်မဖြစ်တဲ့ဟာတွေကို လျှောက်ပြီး ရူနေဖို့၊ မရှိတဲ့ဟာကို မျှော်လင့် တမ်းတနေဖို့ မဟုတ်ပါဘူး။ အဟုတ်တကယ် ဖြစ်ပျက်နေသမျှကို လက်ခံဖို့သာ ဖြစ်ပါတယ်။ ဒီလိုဆိုရင်တော့ လမ်းစဉ်ဟာ မှန်နေပါပြီ။ ဒါကိုယောဂီတွေ တချို့က သိပ်မရှင်းကြ၊ နားမလည်ကြ ဖြစ်နေတတ်ပါတယ်။


သဘာဝနိယာမဓမ္မကို နားလည်ဖို့ရာ လိုပါတယ်။ နားလည်ပြီးတော့ သဘာဝတရားအတိုင်း ကျင့်သုံးသွားရင်ဖြင့် ဒုက္ခနယ်ထဲက လွတ်ကင်းကြပါလိမ့်မယ်။ တရားကိုနားမလည်တော့ တရားနဲ့ ဆန့်ကျင်တာတွေကို လုပ်လေ့၊ ကျင့်လေ့ရှိကြပါတယ်။ ဒီတော့ ဒုက္ခတွေ ရောက်ကုန်ကြတာပေါ့။


ဒီဟာကို သုတမယ၊ စိန္တမယဉာဏ်နဲ့ ကျင့်လို့ရတာမျိုး မဟုတ်ပါဘူး။ စိတ်ရဲ့ အနက်ရိုင်းဆုံးအပိုင်းဟာ ဦးနှောက်အသိဉာဏ်နဲ့ ဆက်သွယ်နိုင်တာမဟုတ်တော့ ဦးနှောက်အသိဉာဏ် ပြောတာတွေကို နားမထောင်ဘဲနဲ့ သူလုပ်နေကျ အကျင့်တွေကို မဟုတ်မှန်တဲ့ အလင်းမသိတဲ့ မျက်ကန်းအသိတွေကိုသာ ဆက်လက်ပြီး ကျင့်နေတာဖြစ်ပါတယ်။


ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။

1 comment:

  1. လေ့လာသွားပါတယ်။လေ့လာခွင့်ရလို့ကျေးဇူးပါ

    ReplyDelete