ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Sunday, 25 November 2012

အနာထပိဏ်သူဌေးကြီးနှင့် ပရိဗိုဇ်များ

မြတ်စွာဘုရားသာမက အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန် စသော အဂ္ဂသ၀ကကြီးများ၊ အရှင်မဟာကဿပ စသော မဟာသာဝကကြီးများလည်း အခါအခွင့်သင့်သလို ပရိဗိုဇ်တို့နှင့် တွေ့ဆုံ၍ တရားစကား ဆွေးနွေးကြကြောင်း ဒေသနာတော်တွင် များစွာ တွေ့ရသည့်အတိုင်း ပရိဗိုဇ်များစွာလည်း တရားရကြလေသည်။



ထိုသို့ ပရိဗိုဇ်တို့နှင့် တွေ့ဆုံဆွေးနွေးရာ၌ သံဃာတော်များသာမက မြတ်စွာဘုရား၏ ကျောင်းဒကာ အနာထပိဏ်သူဌေးကြီးပင်လျှင် တစ်နေ့သောအခါ နေ့ခင်းအချိန်၌ မြတ်စွာဘုရားကို ဆည်းကပ်ရန် အိမ်မှ ထွက်လာပြီးမှ...

(အကာလော့ ခေါတာဝ ဘဂ၀နံ္တ ဒဿနာယ)
“ဤယခု ဘုရားကို ဖူးမြင်ဖို့ စောနေပါသေးလား”

(ပဋိသလ္လီနော ဘဂ၀ါ)
“ဤအချိန်သည် မြတ်စွာဘုရား သက်သာ အနားယူချိန်ပဲ”

(မနော ဘာဝနီယာနမ္ပိ ဘိက္ခူနံ)

“ရဟန်းတော်တို့သည်လည်း စိတ်အေး ချမ်းသာတရားနှလုံး သွင်းနေတဲ့ အချိန်ပဲ”

(ယံနူနာဟံ ယေန အညတိတ္ထိယာ ပရိဗ္ဗာဇကာနံ အာရာမော တေနုပသင်္ကမေယျံ)
“သို့အတွက် ငါသည် သာသနာမှ တစ်ပါးသောအယူရှိသည့် ပရိဗိုဇ်တို့ ကျောင်းသို့ ၀င်ရောက်ရမူ ကောင်းလေစွ... ကောင်းမှာပဲ”

ဟု အကြံဖြစ်လျက် ၀င်ရောက်ကာ တရားဟောခဲ့ကြောင်း ထိုဟောခဲ့သော တရားကို မြတ်စွာဘုရားသို့ ပြန်ကြားလျှောက်ထားသောအခါ မြတ်စွာဘုရားက...

ရဟန်းတို့... ဤ ဓမ္မ၀ိနယ ဟူသော ငါဘုရား သာသနာတော်၌ ရဟန်းပြု၍ ၀ါတစ်ရာရစေကာမူ သာသနာပ ပရိဗိုဇ်တို့ကို အနာထပိဏ်သူဌေးကြီး နှိမ်နှင်းဆုံးမသကဲ့သို့ တရားသဖြင့် နှိမ်နှင်းအပ်ကြောင်း နမူနာ ထား၍ ဟောကြားလေသည်။

(အင်္ဂုတ္တရပါဠိတော် - ဒသကနိပါတ် - ကိံဒိဋ္ဌိကသုတ် - ၄၀၆)

အခြားသော ရဟန်းတော်များ၊ စိတ္တသူကြွယ်၊ မဟာနာမ်သာကီဝင် စသောသူ အများအပြားပင် ပရိဗိုဇ်ကျောင်းသို့ ၀င်၍လည်းကေင်း၊ ပရိဗိုဇ်တို့နှင့် တွေ့ဆုံ၍လည်းကောင်း၊ တရား စကားကို ဟောပြော ဆွေးနွေးသောအားဖြင့် နှစ်ဦးနှစ်ဖက် အကျိုးရှိသော ကိစ္စဖြစ်၍ ထိုရဟန်းတော်တို့သည် ပရိဗိုဇ်ကျောင်းသို့ ၀င်ခဲ့ကြခြင်းဖြစ်လေသည်။

ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည်ထုတ်နုတ် ဖော်ပြပေးထားပါသည်။

No comments:

Post a Comment