ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Monday, 26 November 2012

ကိုးကွယ်မူအမျိုးမျိုးနှင့်ကံ

သတ္တ၀ါတိုင်းတွင် မိမိတို့ သဘာဝအလျောက် အားထားရာ၊ မှီခိုရာ ဆည်းကပ် ကိုးကွယ်ရာကို ရှာရသည်ချည်းဖြစ်၏။ အနာရောဂါဖြစ်နေသော လူနာအား ဆေးဝါးကုသတတ်သော ဆေးဆရာ၊ ဆရာဝန်သည် ထိုရောဂါရှင်၏ အားထားရာ၊ မှီခိုရာ၊ ကိုးကွယ်ရာဖြစ်၏။ အတတ်ပညာသင်လိုသော တပည့်အတွက် အတတ်ပညာ သင်ပေးရသော ဆရာသည် ထိုတပည့်၏ အားထားရာ၊ မှီခိုရာ၊ ကိုးကွယ်ရာဖြစ်၏။ သံသရာဘေး ငြိမ်းအေးရန်အတွက် သံသရာ ဒုက္ခမှလွတ်အောင် ညွှန်ပြပေးသော ဘုရား၊ တရား၊ သံဃာသည် ထိုသံသရာဘေး အေးလိုသောပုဂ္ဂိုလ်၏ အားထားရာ၊ မှီခိုရာ၊ ကိုးကွယ်ရာဖြစ်၏။


ယင်းလို အားထားမူ၊ ကိုးကွယ်မူ ပြုကြရာတွင် နေရာဌာန အားလျော်စွာ မဟုတ်တော့ဘဲ အချို့တို့မှာ လူနာအတွက် အားကိုးရာ ဆေးဆရာကိုလွှတ်၍ အာရုံငါးပါးဖြင့် ထိတွေ့၍မရသော “နတ်” စသည်ကို ကိုးကွယ်မှီခိုသည်။ ဥစ္စာပစ္စည်း ရှာဖွေသူသည် အကြောင်း အမျိုးမျိုးကြောင့် ဥစ္စာပစ္စည်းမပြည့်စုံ၊ ပြုတိုင် မဖြစ်က ဉာဏ်ဝီရိယ အားမကိုးဘဲ မည်သည့် (ပဉ္စာရုံ) အာရုံငါးပါးနှင့်မျှ ထိ၍တွေ့၍ မရသော နတ်ပူဇော်မူ၊ နတ်တင်မူ၊ ကနားပေးမူ ပြုကြလေသည်။

ယင်းကိစ္စတို့ကား ကံ၊ ဉာဏ်၊ ၀ီရိယတို့မှ လွန်ထွက်သွားသော အစွန်းရောက်သူတို့ဖြစ်ကြ၏။ ထိုသူတို့သည် (ကမ္မဿကတသမ္မာဒိဋ္ဌိ) ကံနှင့်ကံ၏ အကျိုးကိုပင် ယုံကြည်သော အဆင့်တွင် မရှိတော့ချေ။ အခြားသော ကံ၊ ဉာဏ်၊ ၀ီရိယ ကိစ္စတို့ နေရာတွင် နေရာယူ၍ ၀င်လာကြသော ကိုးကွယ်ဆည်းကပ်မူများသည် မိမိတို့၏ သမ္မာဒိဋ္ဌိ အယူကိုပင် ပျက်ပြားစေနိုင်သော သဘောများ ဖြစ်လေသည်။

ဥစ္စာပစ္စည်းရှာဖွေရာတွင် ရှာတိုင်းမရ၍လည်းကောင်း၊ ပြုလုပ်တိုင်းမဖြစ်၍ လည်းကောင်း၊ ပူဆွေးဒုက္ခ ရောက်ရခြင်းသည် ထိုပစ္စည်းအာရုံ ကာမဂုဏ် ပင်ရင်းဖြစ်ကြောင်း မြတ်စွာဘုရား ဟောလိုရင်းဖြစ်သည်။ ထိုကိစ္စမျိုးတွင် တစ်ခု အပါအ၀င်ဖြစ်သော ပုဏ္ဏားတစ်ယောက်အကြောင်းကို ဓမ္မပဒအဋ္ဌကထာမှ ဆက်လက်တင်ပြပေးပါအုံးမည်။

ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည်ထုတ်နုတ် ဖော်ပြပေးထားပါသည်။


No comments:

Post a Comment