“တာပန” ဟူသောပါဠိသည် “ပူလောင်စေတတ်” ဟူသော အနက်ကိုပြ၏။ ထိုငရဲသို့ ကျရောက်လာသော သတ္တ၀ါများကို ထန်းလုံးလောက်ကြီးမား၍ မီးလျှံထသော သံတံကျင်း၌ မလူပ်နိုင်အောင် စိုက်ထားပြီးလျှင် ထိုထန်းလုံးလောက်ရှိသော တံကျင်မှ ထွက်သော မီးအလျှံတို့က အမြဲပူလောင်စေသည်။
ဇလိတေ အယသူလမှိ၊ နိစ္စလံ နိသီဒါပိတေ။
တာပေတိ ပါပကေ ပါဏေ၊ တာပနောတိ ပ၀ုစ္စတေ။
ယောနိရယော၊ ကံကြမ္မာရင်း ဖန်လာညှင်းက မကွင်းနိုင်အောင် အတင်းဆောင်လျက် သွင်းလှောင်ပိတ်ဆီး အကြင်သို့သော ငရဲကြီးသည်။ ဇလိတေ၊ ရဲရဲညိလောင် ပြောင်တလက်လက် အရောင်ထွက်၍နေသော။ အယသူလမှိ၊ ထန်းလုံးပင်စည် ပမာထင်သည့် သံလျှင်အတိပြီး တံကျင်ကြီး၌။ နိစ္စလံ နိသီဒါပိတေ၊ မယိမ်းမယိုင် ထိုင်စေအပ်ကုန်လျက်။ ပါပကေ ပါဏေ၊ အယုတ်တမာ သတ္တ၀ါအများ ငရဲသားတို့ကို။ တာပေတိ၊ ကိုယ်လုံးရဲရဲ မီးလျှံစွဲ၍ အမြဲပုံသေ ပူလောင်စေ၏။ သော နိရယော၊ သို့ကလိုကံ မကုန်ပြန်လျှင် ဖန်ဖန်လောင်ရိုး ထိုငရဲအိုးကို။ တာပနောတိ၊ တာပနငရဲဟူ၍။ ပ၀ုစ္စတေ၊ ဗျုပ္ပတ်အလိုက် ရုပ်ဓာတ်ကိုက်အောင် သမိုက်အပ်လေတော့သည်။
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။
No comments:
Post a Comment