(အ = မရှိ + ၀ီစိ = အကြား) ထိုအ၀ီစိငရဲ၌ မီးတောက်မီးလျှံများလည်း အကြားမရှိ။ တစ်ငရဲလုံး၌ မီးလျှံချင်း ဆက်၍နေ၏။ ငရဲသတ္တ၀ါချင်းလည်း အကြားမရှိ။ ၀ါးကျည်တောက်အတွင်း၌ မုန်ညင်းစေ့ကလေးတွေ ပြည့်ကျပ်နေသကဲ့သို့ သတ္တ၀ါတွေ ပြည့်ကျပ်ညှပ်နေတော့၏။ ဆင်းရဲဒုက္ခသည် အကြားမရှိ၊ ဒုက္ခမှ လွတ်ကင်း၍ ချမ်းသာခွင့်လုံးဝမရနိုင်။ ဤသို့ မီးလျှံ၊ သတ္တ၀ါ၊ ဆင်းရဲဒုက္ခ ဤ ၃-မျိုးတို့ အကြားမရှိအောင် ဆက်စပ်နေသောကြောင့် “အ၀ီစိငရဲ”ဟုခေါ်၏။
ဇာလာနံ သတ္တာနံ ယတ္ထ၊ နတ္ထိ ဒုက္ခဿ အန္တရံ။
ဗာလာနံ နိဝါရသာ သောဟိ၊ အ၀ီစီတိ ပ၀ုစ္စတေ။
ယတ္ထ နိရယေ၊ ကံကြမ္မာရင်း ဖန်လာညှဉ်းက မကွင်းနိုင်အောင် အတင်းဆောင်လျက် သွင်းလှောင်ပိတ်ဆီး အကြင်သို့သော ငရဲကြီး၌။ ဇာလာနံ၊ ၀ဲယာရှေ့နောက် အထက်အောက်မှ ထွင်းဖောက်ထွက်သွား မီးလျှံအများတို့၏ လည်းကောင်း။ သတ္တာနံ၊ ကျည်တောက်အတွင်း နှမ်းမုန်ညင်းသို့ ပြည့်တင်းတင်းကျပ်လှောင် သတ္တ၀ါအပေါင်းတို့၏လည်းကောင်း။ ဒုက္ခဿ၊ ကိုယ်ရောစိတ်မှာ မသက်သာအောင် ဆက်ကာနှိပ်နှင်း ဆင်းရဲခြင်း၏လည်းကောင်း။ အန္တရံနတ္ထိ၊ တစ်မိနစ်မျှ မလစ်ရ၍ ခေတ္တနားရန် အကြားမကျန်တော့ချေ။ ဗာလာနံ၊ ကမ္ဘာတိုက်ဖွား ငမိုက်သားတို့၏။ နိဝါသော၊ အမြဲမပြတ် နေထိုင်ရာအရပ်ဖြစ်သော။ သောဟိနိရယော၊ အကုသိုလ်ကံ အရင်းခံလျက် သယံဇာတ ထာဝရဖြင့် ကာလကြာပြီး ထိုငရဲကြီးကို။ အ၀ီစီတိ၊ အ၀ီစိငရဲဟူ၍။ ပ၀ုစ္စတေ၊ ဗျုပ္ပတ်အလိုက် ရုပ်ဓာတ်ကိုက်အောင် သမိုက်အပ်လေတော့သတည်း။
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။
No comments:
Post a Comment