ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday, 29 November 2012

လောကငရဲ-ကာမပဲ

(၁၁)
ပါဠိတော်
“ပူနစပရံ ဘိက္ခဝေ ကာမဟေတု ကာမနိဒါနံ ကာမာဓိကရဏံ ကာမာနမေ၀ ဟေတု သဒ္ဓိံပိဆိန္ဒ န္တိ။ လ။ အယမ္ပိဘိက္ခဝေ ကာမာနံ အာဒီနဝေါ သန္ဒိဋ္ဌိကော ဒုက္ခက္ခန္ဓော ကာမဟေတု ကာမနိဒါနံ ကာမာဓိကရံဏ ကာမာန မေ၀ဟေတု”

မြန်မာပြန်
“ရဟန်းတို့ - တစ်ဖန် ထို့ပြင်လည်း ကာမဂုဏ် အထောက်အပံ့၊ ကာမဂုဏ် အရင်းခံ၊ ကာမဂုဏ်တို့၏ တည်ရာ၊ ကာမဂုဏ်တို့ကြောင့်သာလျှင် အိမ်ကိုလည်း ဖောက်ထွင်း၍ ခိုးကြ၏။ ရွာကိုလည်း လုယက်တိုက်ခိုက်ကြ ကုန်၏။ ခရီးလမ်း၌လည်း စောင့်၍ လုယက် တိုက်ခိုက် ကြကုန်၏။ သူတစ်ပါး၏ သားမယားတို့ကိုလည်း သွားလာကြကုန်၏။ ထိုသူတို့ကို မင်းတို့သည် ဖမ်းယူ၍ ညှဉ်းပန်းမူအမျိုးမျိုးတို့ကို ပြုကြကုန်၏။ နှင်တံတို့ဖြင့်လည်း ရိုက်ကြကုန်၏။ ကြိမ်လုံးတို့ဖြင့်လည်းကောင်း၊ တုတ်တို့ဖြင့်လည်းကောင်း၊ ရိုက်ကြကုန်၏။ လက်ခြေတို့ကိုလည်း ဖြတ်ကြကုန်၏။ နား၊ နှာခေါင်းတို့ကိုလည်း ဖြတ်ကြကုန်၏။ ဤသို့ အစရှိသော ၂၅ပါးသော နှိပ်စက်သတ်ဖြတ်ခြင်းတို့ကို ပြုစုကြကုန်၏။ ထိုသူတို့သည် ထိုနေရာ၌ သေခြင်းသို့ ရောက်ကြကုန်၏ ရဟန်းတို့... ဤကာမဂုဏ် အထောက်အပံ့၊ ကာမဂုဏ်အရင်းခံ၊ ကာမဂုဏ်တို့၏ တည်ရာ၊ ကာမဂုဏ်တို့ကြောင့် ဖြစ်သော မျက်မှောက်ဘ၀ ခံစားရသည့် ဆင်းရဲအစုဖြစ်သော ကာမတို့၏ အပြစ်ပေတည်း”

အဓိပ္ပာယ်ရှင်းလင်းချက်
“အာရုံငါးပါးတို့တွင် တစ်ပါးပါး၌ ကိလေသာကာမအဖြစ်သို့ ရောက်လာလျှင် ပြစ်မူမျိုးစုံကို မင်းပြစ်မင်းဒဏ် စီရင်မည်ကို သိလျက် ကျူးလွန်ကြကုန်သည်။ သူ့အသက်သတ်ခြင်းစသော အကုသိုလ် ကမ္မပထတရားတို့ကို ခိုးကြတိုက်ကြကုန်သည်။ ကျေးရွာဇနပုဒ် တို့ကိုလည်း လုယက်ဖျက်ဆီးကြကုန်သည်။ တိုင်း ပြည်မြို့ရွာ ဇနပုဒ်တို့ အေးချမ်းသာယာရှိအောင် မင်းများ၊ အစိုးရများက ပြုစုစောင့်ရှောက်ထားသည်ကို ဆန့်ကျင်ဘက်ပြု၍ ဆူပူ နှောင့်ယှက်ကြလေသည်။ ခရီးလမ်းမှ စောင့်၍လည်း လုယက် တိုက်ခိုက်ကြသည်။ ပစ်ခတ် သတ်ဖြတ်ကြသည်။

ယင်းကဲ့သို့ ဆိုးခိုးတိုက်ခိုက်သော လူဆိုးသူခိုးများကို မင်းတို့က ဖမ်းယူပြီးသော် ၂၅ပါးသော ညှင်းဆဲနည်းအမျိုးမျိုးတို့ဖြင့် ညှင်းပန်းနှိပ်စက်၍ နောက်ဆုံးတွင် ဦးခေါင်းကို ဖြတ်၍ သတ်လေသည်။ ဤသို့ဖြစ်ရသည်မှာ မိမိတို့ လက်ခံထားသော ကာမဂုဏ်ကြောင့်သာလျှင် ဖြစ်၏။ ထိုကာမတရား တိုက်တွန်းလူံ့ဆော်မူကြောင့် ဤမျှ ကြီးမားသော ပြစ်မူကို ကျူးလွန်မိရကား ထိုလွန်ကျူးမူနှင့် လျော်သော ညှင်းပန်းနှိပ်စက် အသေသတ်ခြင်းကို ခံရသည်မှာ ထိုကာမဂုဏ်တို့ အကြောင်းခံကြောင့် ယခုဘ၀ လက်ငင်းခံစားရသော ဆင်းရဲအစုဟု ဘုရားဟောတော်မူသည်။

ဆရာကြီး ဦးကြည် (သစ္စာဒီပက-မူလဓမ္မာစရိယ) မဟာဒုက္ခက္ခန္ဓသုတ် အဖွင့်စာအုပ်မှ ပြန်လည် ထုတ်နုတ် ဖော်ပြပေးထားပါသည်။

No comments:

Post a Comment