မြန်မာလူမျိုးတို့သည် များသောအားဖြင့် အိမ်စသော အဆောက်အအုံသစ်များကို ဆောက်လုပ်ပြီးသည့်အခါ ရဟန်းသံဃာတော်များကို ပင့်ဖိတ်ပြီး ဆွမ်းစသော ခဲဖွယ်ဘောဇဉ် ချိုချဉ်ရသာ အဖြာဖြာတို့ကို ဆက်ကပ်ကျွေးမွေးခြင်း လှူဖွယ်ဝတ္တုများကို လှူဒါန်းဆက်ကပ်ခြင်း၊ ဘုန်းတော်ကြီးများထံမှ သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ ပရိတ်တရားတော် များကို နာယူခြင်း သတ္တ၀ါများအား အမျှပေးဝေခြင်း၊ သာဓုအနုမောဓနာပြုခြင်း စသည်ဖြင့် ဒါန သီလ ဘာဝနာ ကောင်းမှု မင်္ဂလာ အဖြာဖြာတို့ကို ယုံယုံကြည်ကြည်ဖြင့် အမြတ်တနိုး ပြုလုပ်လေ့ရှိကြသည်။
ဤကဲ့သို့ မင်္ဂလာယူသည့်အခါမျိုး၌ သံဃာတော်အရှင်မြတ်များက အိမ်သူအိမ်သားများ ချမ်းချမ်းသာသာ မင်္ဂလာရှိရှိ နေထိုင်နိုင်ကြရန် မင်္ဂလသုတ်၊ မေတ္တသုတ်၊ ပုဗ္ဗဏှာသုတ် စသည့်အန္တရာယ်ကင်း ပရိတ်တရားတော်များကို ရွတ်ဖတ်ချီးမြင့် ပေးလေ့ရှိကြပါသည်။ အချိုက မိသားစုတို့မှာမှု ညနေချမ်းကာလတွင် သံဃာတော်များကို ပင့်ဖိတ်၍ အန္တရာယ်ကင်းပရိတ်နာခြင်းစသည်ဖြင့် အိမ်တက် မင်္ဂလာပွဲကို ဆင်နွှဲလေ့ရှိကုန်၏၊ ဤအစဉ်အလာကား ဗုဒ္ဓဘာသာ မြန်မာတို့၏ ကောင်းမြတ်သော အစဉ်အလာတစ်ခုပင် ဖြစ်ပေသည်။
အော် အဆင့်ဆင့်ပဲနော် ... အိမ်ထာင်ပြုပြီး အိမ်တက်တောင် လုပ်နေပြီ :-)
ReplyDeleteမင်္ဂလာတစ်ပါးပါဘဲ..
ReplyDeleteအလေးအမြတ်ထားသင်ရဲ့တဲ့ အစဉ်အလာလေးတစ်ခုပါ။