ဗုဒ္ဓံ သရဏံ ဂစ္ဆာမိစသည်ကို သရဏဂုံသုံးပါး ကိုးကွယ် ဆည်းကပ်ခြင်းလို့ ခေါ်တယ်။ ဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်ပါ၏။ တရားတော်ကို ကိုးကွယ်ဆည်းကပ်ပါ၏။ သံဃာတော်ကို ကိုးကွယ်ဆည်းကပ်ပါ၏လို့ မြန်မာလို စိတ်ထဲမှာသိပြီး ဆိုရပါမယ်။
ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ယုံကြည်လေးစားစွာနဲ့ စိတ်စေတနာပါပြီး ကိုးကွယ်ဆည်းကပ်မှ သရဏံဂုံ ဆောက်တည်ရာ ရောက်ပါတယ်။ ဘုန်းကြီးဆိုပေးလို့ လိုက်ဆိုတာမျိုး၊ ကိုယ့်ဘာသာရထားလို့ အလွတ်ဆိုတာမျိုးဆိုရင်တော့ အကျိုးမများလှပါဘူး။ ဘာသာရေးဆိုင်ရာ ပါဠိတွေရွတ်ဆိုတဲ့အခါ ဆိုလိုရင်းအနက် အဓိပ္ပာယ်ကိုသိမှ ကျေးဇူးများပါတယ်။

Wednesday, 25 August 2010
ဗုဒ္ဓံ့ သရဏံ ဂစ္ဆာမိကစပြီး တတိယမ္ပိ သံဃံ သရဏံဂစ္ဆာမိအထိကို ဘာလို့ ခေါ်သလဲ။ မြန်မာလို ဘယ်လို ဆိုလိုပါလဲ ?
အမျိုးအစား/ကဏ္ဍ
ဗုဒ္ဓဆိုင်ရာ - အမေးအဖြေများ
Subscribe to:
Post Comments (Atom)
ဗုဒ္ဓံသရဏံဂစ္ဆာမိစသည်ဆိုပြီးလျှင် ဗုဒ္ဓဘာသာဝင်ဖြစ်ပြီးသွားပါလျက်
ReplyDeleteဘာ့ကြောင့် ဒုတိယမ္ပိ၊ တတိယမ္ပိစသည်ဖြင့်
အပိုတွေဆောက်တည်နေရပါသလဲ၊အပိုတွေ
မဟုတ်ဘူးလား
အရှင်ဘုရား..သုံးကြိမ်ထပ်ဆိုတာ အထူးလေးနက်စေချင်လို့ ဖြစ်ပါတယ်။ တစ်ကြိမ်တစ်ခါ ဆိုတာကတော့ စိတ်မပါ လက်မပါ ၀တ်ကျေတန်းကျေဆိုတာလဲ ဖြစ်နိုင်ပါတယ်။ အခု သရဏဂုံ ဆောက်တည်တဲ့ လူကတော့ တကယ့် ယုံယုံကြည်ကြည် စိတ်ပါလက်ပါ ကိုးကွယ်ဆည်းကပ်ခြင်း ဖြစ်တယ်ဆိုတာ သိစေချင်လို့ သူရဲ့ ကိုးကွယ်ဆည်းကပ်မှုကို လေးနက်စေချင်လို့ သုံးကြိမ်ထပ်ဆိုခြင်း ဖြစ်ပါတယ်။ ဘာသာရေးကိစ္စတွေမှာ သုံးကြိမ်ထပ်ဆိုမှု မှန်သမျှဟာ လေးနက်စေချင်လို့ ဖြစ်တယ်လို့ မှတ်ရပါမယ်။
ReplyDeleteဒကာမလေးသိသလိုလေးပြန်ရှင်းပြပေးတာပါ..မှားခဲ့မယ်ဆို ပြန်လည် ဝေဖန်ပေးပါဘုရား..:)