ဤနေရာသည် ဗုဒ္ဓဘုရား၏ မေတ္တာရိပ်အောက်တွင် တည်ရှိပါသောကြောင့် မေတ္တာရိပ်သို့ လာရောက်ခိုလူံရင်း အလည်အပတ် ကြွရောက်လာကြသော သူငယ်ချင်း မိတ်ဆွေများအားလုံး အေးချမ်းသာယာကြပါစေရှင်။
http://api.ning.com/files/bHmmkW-XxGLQN9yR1WXwM7O1jOooBj0ATQasYiGZcJYzT0d2lrE1J9qEhMfqfRVkukdniN63bkOYVZYa9iYcLY2YRiQVhTka/MTY2.gif

Thursday, 26 August 2010

သရဏဂုံသုံးပါးကို ဘာဖြစ်လို့ သုံးကြိမ်ထပ်ဆိုသလဲ ?

သုံးကြိမ်ထပ်ဆိုတာ အထူးလေးနက်စေချင်လို့ ဖြစ်ပါတယ်။ တစ်ကြိမ်တစ်ခါ ဆိုတာကတော့ စိတ်မပါ လက်မပါ ၀တ်ကျေတန်းကျေဆိုတာလဲ ဖြစ်နိုင်ပါတယ်။ အခု သရဏဂုံ ဆောက်တည်တဲ့ လူကတော့ တကယ့် ယုံယုံကြည်ကြည် စိတ်ပါလက်ပါ ကိုးကွယ်ဆည်းကပ်ခြင်း ဖြစ်တယ်ဆိုတာ သိစေချင်လို့ သူရဲ့ ကိုးကွယ်ဆည်းကပ်မှုကို လေးနက်စေချင်လို့ သုံးကြိမ်ထပ်ဆိုခြင်း ဖြစ်ပါတယ်။ ဘာသာရေးကိစ္စတွေမှာ သုံးကြိမ်ထပ်ဆိုမှု မှန်သမျှဟာ လေးနက်စေချင်လို့ ဖြစ်တယ်လို့ မှတ်ရပါမယ်။

4 comments:

  1. အင်း မှန်တော့မှန်ပါတယ်။ဒါပေမဲ့ အမှတ်မပေးနိုင်ဘူး လို့ပြောရမယ်ထင်ပါတယ်။
    ဦးဇင်းမှတ်ဖူးတာကိုပြောပြမယ်နော်။နှစ်ကြိမ်၊
    သုံးကြိမ်ထပ်ဆိုတာဟာ အာမေဋိတ်အရာဖြစ်လို့တဲ့။ အာမေဋိတ်ဆိုတာ
    စကားတွေနှစ်ခါ သုံးခါထပ်ပြောတာကိုအာမေဋိတ်လို့ခေါ်ပါတယ်။
    အာမေဋိတ်အပြား(၉)ပါးထဲမှာ ပသာဒ (ကြည်ညိုတဲ့)အာမေဋိတ်လို့ခေါ်ပါတယ်။
    တနည်းပြောရရင်တော့ ရတနာသုံးပါးကြည်ညိုသက်ဝင်တဲ့နေရာမှာ(ဆောက်တည်တဲ့နေရာမှာ)ခိုင်မြဲသွားအောင်လို့ပါတဲ့။ ပစ္စည်းဝတ္ထုတွေကို ကြိးနှင့်ချည်တဲ့အခါနှစ်ခါ သုံးခါ ခိုင်မြဲအောင် သေချာအောင် ပတ်ချည်သလိုမျိုးပေါ့။(ဆရာလုပ်တာဟုတ်ဘူးနော်)ဒီအဓိပ္ပါယ်လေးကို ရေးတတ်သလိုရေးပြီးပိုစ်ပြန်တင်လိုက်ပေါ့။

    ReplyDelete
  2. အင်း .... ဘုရားစာတွေချည်း ရေးနေတော့ ဟိုတလောက အုံးအုံးကျက်ကျက် ဖြစ်သွားတဲ့ ဦးပဉ္စင်းလိုလားလို့ သံသယတောင် ဖြစ်မိတယ် :-)

    ReplyDelete
  3. ခိုင်မြဲသေချာအောင် ကြည်ညိုနိုင်မှု ပိုမိုအောင် သတိပေးတာ ၀မ်းသာရပါတယ် ...
    ငြိမ်းစိုးဦး

    ReplyDelete
  4. တင်ပါ့ဘုရား ဒကာမလေးက ဘုရားစာတွေကို စိတ်ပါဝင်စာလို့ ရေးနေတယ်ဆိုပေမယ့်..အရှင်ဘုရားလောက် မသိနားမလည်တာတော့အမှန်ပါပဲဘုရား..
    ဖတ်ဖူးတာ မှတ်ထားတာလေးတွေကို ပြန်လည်မျှဝေခြင်းဖြစ်တာမို့
    ယခုလို သိတာလေးကို ပြောပြပေးတဲ့အတွက် ကျေးဇူးလည်းအရမ်းတင်ပါတယ်..ဒကာမလေးရေးလိုက်တဲ့အထဲမှာ အမှားတွေပါခဲ့မယ်ဆို ခွင့်လွှတ်နားလည်ပေးကြဖို့ မေတ္တာရပ်ခံပါရစေရှင်..:thanx

    ReplyDelete